အစိုးရအဖွဲ့ဝင်များ၊ ပြည်သူ့ဝန်ထမ်းများနဲ့ နိုင်ငံ့ဝန်ထမ်းများကို အခမဲ့ စစ်ဆေးပေးမယ်လို့ သိရပါတယ်။

နေပြည်တော်ကိုလာရောက်မယ့် အခြားတိုင်းနဲ့ပြည်နယ်က ပြည်သူတိုင်း COVID-19 ဓာတ်ခွဲနမူနာ စစ်ဆေးရမှာဖြစ်ပြီး စစ်ဆေးမှုအတွက် တစ်ကြိမ် ၅၀,၀၀၀ ကျပ်ကို မိမိကိုယ်တိုင်ကုန်ကျခံရမှာဖြစ်တယ်လို့ ကျန်းမာရေး နဲ့အားကစားဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

နေပြည်တော်အတွင်း နေထိုင်တဲ့ ပြည်သူတွေက‌တေ့ ဓာတ်ခွဲနမူနာ စစ်ဆေးဖို့  တစ်ကြိမ် ၃၀ ,၀၀၀ ကျပ် ဖြစ်ပြီး နေပြည်တော်ကို လာရောက်မယ့် UN ဝန်ထမ်းတွေနဲ့ INGO အဖွဲ့အစည်းတွေမှ နိုင်ငံခြားသားတွေကတော့ တစ်ကြိမ်ကို ၂၀၀,၀၀၀ ကျပ် ကုန်ကျခံစစ်ဆေးရမှာဖြစ်ပါတယ်။



"နေပြည်တော်က အုပ်ချုပ်ရေးမြို့တော် ၊အစိုးရဝန်ကြီးဌာနတွေလည်း ဖြစ်တယ်။ဝန်ထမ်းတွေက ရုံးတက်ရုံးဆင်း ကအစ စုစုဝေးဝေးနဲ့လုပ်ရတဲ့သဘောသဘာဝရှိတယ်။နေပြည်တော်မှာ ပြည်တွင်း ကူးစက်မှု များရင်ဝန်ထမ်းအင်အားလျှော့ရတာတို့ ဖယ်ထုတ်တာတို့ ၊ တချို့ ကူးစက်မှုများတဲ့ရုံးတွေဆို ပိတ်တောင်ပိတ်ရမယ်၊အဲဒါမျိုးမဖြစ်အောင် ဆေးစစ်ဖို့ လုပ်တာဖြစ်တယ်။ ထုတ်ပြန်စာမှာရေးထားတဲ့အတိုင်းပဲ။စစ်ဆေးရေးဂိတ်ရောက်တာနဲ့ ကြေညာထားတဲ့အတိုင်းလုပ်ဆောင်ရမယ်၊ ထောက်ခံစာတွေလည်း စိစစ်ဖို့အတွက်လိုအုံးမယ်။ အမျိုးအစားကွဲမယ် နိုင်ငံဝန်ထမ်းတာဝန်နဲ့လား ထောက်ခံစာ၊ stay home မြို့နယ်ကဟုတ်မဟုတ် ထောက်ခံစာတွေကတော့ စိစစ်ဖို့ လိုဦးမယ်" လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန မှ ပြောဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

ဖြေလျှော့မှုအနေနဲ့ကတော့ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေကနေ တရားဝင်ဖိတ်ကြားစာ ပါခဲ့ရင် ဓာတ်ခွဲနမူနာ စစ်ဆေးမှုကို အခမဲ့အဖြစ် သတ်မှတ်ထားသလို အစိုးရအဖွဲ့ဝင်များ၊ ပြည်သူ့ဝန်ထမ်းများနဲ့ နိုင်ငံ့ဝန်ထမ်းများကိုပါ အခမဲ့ စစ်ဆေးပေးမယ်လို့ သိရပါတယ်။

"နေပြည်တော် ဆေးရုံကအထူးကုဆေးရုံဖြစ်တယ်၊သမားတော်ကြီးတွေ၊တရာဝန်ကြီးတွေ၊ဓာတ်ရောင်ခြည်ကင်တာမျိုးတွေရှိတယ်။ရှိတဲ့အခါကျတော့ ဒီမှာရှိတဲ့ service တွေကိုသုံးစေချင်တဲ့အခါကျတော့ လူနာတွေကလည်း လာမယ်၊အရင်ပြလက်စလူနာတွေကလည်းလာမယ်အရေးရယ်အကြောင်းရယ်တခုခုရှိလို့ တက်လာတာတွေလည်းရှိနိုင်မယ်။ရှိလာဲ့အခါ ရောဂါပါမလာဘူးလို့ပြောနိုင်တဲ့အနေအထားဆိုတော့ ကျနော်တို့ကစစ်ဆေးမယ်၊ ကုသပေးမယ်ပေါ့"လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ် ။

 နေပြည်တော် ခုတင်(၁၀၀၀) ဆေးရုံကြီးကို နယ်ဆေးရုံတွေ ဆရာဝန်တွေရဲ့ လွှဲပြောင်းစာ(Referral Letter) နဲ့ ရောက်ရှိလာမယ့် လူနာတွေနဲ့ အရေးပေါ်ဆေးကုသမှုခံယူဖို့ နေပြည်တော်ကို လာရောက်မယ့် လူနာတွေကိုလည်း နေပြည်တော်အဝင်ဂိတ်မှာ ခြွင်းချက်အနေနဲ့ လူနာနဲ့ လူနာစောင့် (၂ )ဦးမှ ( ၃)ဦးအထိ ဝင်ရောက်ခွင့် ပြုမှာ ဖြစ်ပြီး ဆေးရုံရဲ့ သီးခြားဆောင် (Isolation room) မှာ ထားရှိကာ CoVID-19 ဓာတ်ခွဲနမူနာ အခမဲ့စစ်ဆေးပေးခြင်း၊ လိုအပ်တဲ့ ဆေးကုသမှုပေးခြင်းတို့ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က