လက်ရှိထိ ပိုးတွေ့လူနာ မတွေ့ရှိသေးပါဘူး။

နေပြည်တော် ဝန်ကြီးဌာနရုံးတွေက အစိုးရဝန်ထမ်း အားလုံးကို စက်တင်ဘာလ (၁၅)ရက်နေ့ကစပြီး ကိုဗစ်ပိုး ရှိ၊မရှိကို ဓာတ်ခွဲစစ်ဆေးမှုတွေ လုပ်ဆောင်ပေးလျှက်ရှိပါတယ်။

တစ်နေ့ကို ဝန်ထမ်း အယောက် (၄၀၀)နှုန်းနဲ့ စစ်ဆေးပေးနေတာ ဖြစ်ပြီး ရာထူးကြီးငယ် ဝန်ထမ်းအားလုံးကို စစ်ဆေးပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။



 “ကျွန်တော်တို့ ၁၅ ရက်နေ့က တည်းက စပြီးဆောင်ရွက်နေပါတယ်။ ၁၅ ရက်နေ့က နေ ဒီနေ့ အထိ တစ်နေ့ကို ၄၀၀ နှုန်း နဲ့ အင်အား ၁၀၀၀ ကျော် စစ်ပြီးပါပြီ။ ဝန်ကြီးဌာန လည်း ၁၅ ခု၊ အခု ၂၀ ရှိပါပြီ။ အတိအကျတော့ ကျွန်တော် မမှတ်မိတော့ဘူး။ အခုဆောင်ရွက် စစ်ဆေးပြီးတဲ့အထိ ပိုးတွေ့တာတော့ မရှိသေးဘူး”လို့ နေပြည်တော်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမြတ်ဝဏ္ဏစိုးက Duwunကိုပြောပါတယ်။

ဝန်ထမ်းတွေကို swab ယူ စစ်ဆေးပေးရာမှာ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဝန်ကြီးဌာနတွေကို သွားရောက်ပြီး စစ်ဆေးပေးတာရှိသလို နေပြည်တော်ပြည်သူ့ဆေးရုံကြီးနဲ့ စည်ပင်ဧည့်ရိပ်သာမှာလည်း အဖွဲ့တွေထားပြီး ဆောင်ရွက်ပေးလျှက်ရှိနေပါတယ်။ ဝန်ထမ်းများကို ကျန်းမာရေးဆေးစစ်ရာမှာ အလွှာစုံရာထူးစုံ ပါဝင်ပြီး ဝန်ထမ်းအင်အားကတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပေးပို့တဲ့ အမည်စာရင်းတိုင်း စစ်ပေးနေတယ်လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောပါတယ်။

နေပြည်တော်မှာ လက်ရှိ ပိုးတွေ့လူနာစုစုပေါင်း ၅၈ ဦးရှိပြီး လူနာတွေကိုတော့ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ကုတင် ၁၀၀၀ အပြင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး ကုတင် ၃၀၀ မှာလည်း ခွဲထားပြီး ကုသပေးလျှက်ရှိနေပါတယ်။ လက်ရှိအချိန်ထိ ပိုးတွေ့လူနာတွေထဲမှာ စိုးရိမ်ရတဲ့ လူနာ မရှိသေးဘူးလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က