မနေ့ ညပိုင်းက ပစ်ပေါက်ခံရတာဖြစ်ပါတယ်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာ နေထိုင်တဲ့ နေပြည်တော်ကောင်စီနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးသိန်းထွန်းရဲ့ နေအိမ်ကို ပစ်ပေါက်သွားတဲ့ ဗုံးက ဗုံးအခွံသာဖြစ်နေတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြု ပြောကြားပါတယ်။

ဗုံးပေါ်မှာ D-70 ဟု ရေးသားပါရှိပြီး တရုတ်လုပ်ဗုံးဟုယူဆရကြောင်း၊ ဗုံးမှာ စနက်တံများပါရှိခြင်းမရှိဘဲ ဗုံးအခွံသာဖြစ်ပြီး ပေါက်ကွဲမှုမရှိသလို ထိခိုက်ဒဏ်ရာ ဖြစ်ပွားမှုလည်း မရှိခဲ့ကြောင်း တင်ပြလာတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးမြင့်နိုင်က ဒီကနေ့ ပြုလုပ်တဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ သတင်းမီဒီယာများ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။ 



ဓာတ်ပုံ- Aung Htut Min Min

ဖြစ်စဉ်ကတော့ စက်တင်ဘာ ၁၉ ရက် ည ၁၀ နာရီခန့်အချိန်မှာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်အုပ်စု၊ ထန်းတပင်ကွက်သစ်၊ မြရူပလမ်းနှင် မြရွှေဝါ (၃)လမ်းထောင့်ရှိ ခြံအမှတ် ( ဒ-6020)နေ နေပြည်တော်ကောင်စီနယ်မြေ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးသိန်းထွေးရဲ့ နေအိမ် ခေါင်မိုးပေါ်ကနေ ပစ်ပေါက်သံကြားတာကြောင့် နေအိမ်ခြံဝန်းအတွင်း ကြည့်ရှုရာ ကားဂိုဒေါင်အနီးမှာ လက်ပစ်ဗုံးလို့ ယူဆရတဲ့ ပစ္စည်းတစ်ခုကို တွေ့ခဲ့ရတယ်လို့သိရပါတယ်။

အဲဒီနောက် အခင်းဖြစ်ပွားနေရာကို ည ၁၀ နာရီခွဲ အချိန်မှာ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်နဲ့ တိုင်းရဲတပ်ဖွဲ့မှူးတို့ ရောက်ရှိလာပြီး ထပ်မံစစ်ဆေးခဲ့မှုတွေ လုပ်ခဲ့ပါတယ်။ စက်တင်ဘာ ၂၀ ရက် မနက် ၁ နာရီခွဲခန့်မှာ အမှတ် (၉၂၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ တပ်ရင်းမှူးဦးစီးတဲ့ ဗုံးရှင်းလင်းရေးအဖွဲ့တွေ ထပ်မံရောက်ရှိလာပြီး ဗုံးကို ရှင်းလင်းဆောင်ရွက်ခဲ့ရာ မနက် ၂ နာရီခန့်မှာ အဆိုပါ ဗုံးကို ယူဆောင်သွားခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်။

ဒီလို ဗုံးတွေ့ရှိမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့အနေနဲ့ ဆက်လက်စုံစမ်းစစ်ဆေးမှု တွေပြုလုပ်သွားမှာဖြစ်တယ်လို့လည်း ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က