Foodpanda ကဆို (၁၀၀၀)ကျပ်နဲ့ မှာယူစားသောက်နိုင်ပါတယ်။

နေပြည်တော်မှာ တန်ဖိုးနည်းထမင်းဆိုင်ကို ပထမဆုံးအနေနဲ့ ဇလုံကြီးပုံစားထမင်းဆိုင်က စတင်ဖွင့်လှစ်ရောင်းချပေးခဲ့ပါတယ်။

တစ်ဦးကို (၇၀၀)ကျပ်နဲ့ ရောင်းချပေးတာဖြစ်ပြီး ဆိုင်ထိုင်စားရသလို ပါဆယ်နဲ့လည်းရောင်းချပေးကာ foodpanda ကနေလည်း မှာယူစားသောက်နိုင်တယ်လို့ သိရပါတယ်။ 

Foodpanda ကနေမှာယူစားသောက်မယ်ဆိုရင်တော့ (၁၀၀၀)ကျပ်သတ်မှတ်ထားပြီး Hot Chilli ဆိုတဲ့ ဆိုင်နာမည်နဲ့ မှာယူစားသောက်နိုင်ပါတယ်။

“ အဓ်ိကရည်ရွယ်ချက်ကတော့ ခက်ခဲနေတဲ့သူတွေအတွက် ထမင်းတစ်နပ်အဆင်ပြေအောင်ပါ။ တန်ဖိုးနည်းထမင်းဆိုင်တွေကို ရန်ကုန်မှာလည်းဖွင့်တယ်။ တခြားမြို့တွေမှာလည်း ဖွင့်နေတော့ နေပြည်တော်မှာမဖွင့်သေးတာနဲ့ ပထမဆုံးစတင်ဖွင့်လှစ်လိုက်တာပါ။ သူများတွေလို (၅၀၀)နဲ့တော့မဟုတ်ဘူး ကိုယ်အဆင်ပြေတဲ့စျေး (၇၀၀)နဲ့ပဲရောင်းပေးတယ်။ ပိုက်ဆံ (၇၀၀)ရှိရင် ထမင်းစားနိုင်ပါစေဆိုတဲ့စေတနာပါ။ အမြတ်ကိုအဓိက မထားဘူး၊ စေတနာ ပိုအဓိကထားပြီး ရောင်းပေးတယ်။ ရေရှည်ရောင်းနိုင်အောင်လည်း ကြိုးစားသွားမှာပါ”လို့ ဆိုင်ပိုင်ရှင်က ပြောပါတယ်။

တန်ဖိုးနည်းထမင်းဆိုင်ကို foodpanda ကနေ မှာယူစားသောက်နိုင်တာက နေပြည်တော်က ဇလုံကြီးထမင်းဆိုင်က ပထမဆုံးဖြစ်ပါတယ်။ အဝေးကနေ မှာစားချင်တဲ့သူတွေအနေနဲ့ ပို့ဆောင်ခသက်သာအောင် foodpanda နဲ့ချိတ်ပေးထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဇလုံကြီးထမင်းဆိုင်ကိုတော့ ဒီဇင်ဘာလ အစပိုင်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တစ်နေ့ကို ဆိုင်လာရောက်စားသောက်သူက (၅၀)ဝန်းကျင်ခန့်ရှိတယ်လို့ သိရပါတယ်။

တန်ဖိုးနည်းထမင်းဆိုင်ကိုတော့ သပြေကုန်းရပ်ကွက် ဂန္ဓမာ(၃)လမ်းမှာဖွင့်လှစ်ထားပါတယ်။ 

ကျပ် (၇၀၀)ကျပ်တန် ထမင်းတစ်နပ်မှာဆိုရင် အသားဟင်း(၁)မျိုးနဲ့ အရံဟင်း (၂)မျိုးပါဝင်ပြီး Foodpanda ကနေမှာပြီး (၁၀၀၀) ပေးရမယ့်ထမင်းပွဲဆိုရင်တော့ ဟင်းကို ပိုထည့်ပေးတယ်လို့ သိရပါတယ်။


Share

က္က