ဒီတစ်ပတ်အတွက် နောက်ဆုံးရရှိထားတဲ့ ခရီးသွားသတင်း (၅)ခုကို တင်ဆက်ပေးပါမယ်။

လေယာဥ◌်နဲ့ ပြည်တွင်းခရီးသွားလိုသူတွေ နေပြည်တော်၊ တိုင်းနဲ့ ပြည်နယ် (၄) ခုတို့မှာ ကိုဗစ်အခမဲ့စစ်ဆေးပေးနိုင်တဲ့ သတင်းအပါအဝင် ဒီတစ်ပတ်အတွက် နောက်ဆုံးရရှိထားတဲ့ ခရီးသွားဆိုင်ရာ သတင်းအချက်အလက်များကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။


ဖော်ပြပါ ခရီးသွားဆိုင်ရာသတင်းအချက်လက်များကို Duwun နဲ့ Flymya တို့မှ ပူးပေါင်းတင်ဆက်ပေးထားခြင်းဖြစ်ပြီး  ပိုမိုသိရှိလိုပါက Flymya သို့ဆက်သွယ်ရန် ဒီလင့်ခ် ကိုနှိပ်ပါ

လေယာဥ်နဲ့ခရီးသွားမယ့်သူများအတွက် ဒေသ (၅) ခုမှာ ကိုဗစ်အခမဲ့စစ်ဆေးပေး

လေယာဥ်နဲ့ ပြည်တွင်းခရီးသွားလိုသူများအတွက် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ ကိုဗစ်-၁၉ အခမဲ့စစ်ဆေးပေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

ပြည်တွင်းလေယာဥ်စီးခရီးသည်တွေအနေနဲ့ ခရီးစဥ် မတိုင်ခင် (၄၈) နာရီအတွင်း စစ်ဆေးထားတဲ့ ကိုဗစ်ကင်းရှင်းကြောင်း ဓာတ်ခွဲစမ်းသပ်ချက်ကို check-in ဝင်မယ့်အချိန်မှာတင်ပြရမှာဖြစ်ပါတယ်။ဒါကြောင့် ခရီးစဥ် မတိုင်မီ (၄၈) နာရီထက် နောက်မကျစေဘဲ လေယာဥ်ကွင်းရှိရာ မြို့နယ်ကျန်းမာရေးဌာနရုံးတွေမှာ ကိုဗစ်ပိုးရှိမရှိကို ပိတ်ရက်မရှိ အခမဲ့စစ်ဆေးနိုင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုထားတဲ့ ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေမှာလည်း သတ်မှတ်နှုန်းထားပေးဆောင်ပြီး စစ်ဆေးနိုင်ပါတယ်။

ကိုဗစ်-၁၉ ရောဂါအခမဲ့စစ်ဆေးပေးတဲ့ကျန်းမာရေးဌာနများ

                
          

နိုဝင်ဘာလအတွင်း မြို့နယ် (၁၇) ခုကို (Stay at Home) အစီအစဥ်ကနေ ထပ်မံပယ်ဖျက်

နေအိမ်တွင်နေထိုင်ရေး (Stay at Home) သတ်မှတ်ထားတဲ့ မြို့နယ်တွေကို ကိုဗစ်ကူးစက်ဖြစ်ပွားမှုတွေ တဖြည်းဖြည်းနည်းပါးလာမှုကြောင့် စက်တင်ဘာ ၂၅ ရက်နေ့ကစတင်ပြီး မြို့နယ်အများစုကို နေအိမ်တွင်နေထိုင်ရေး အစီအစဥ်ကနေ ပယ်ဖျက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။ စက်တင်ဘာ (၂၅) ရက်မှာ (၆) မြို့နယ်၊ အောက်တိုဘာ (၂၇) ရက်မှာ (၄၄) မြို့နယ်တို့ကို (Stay at Home) အစီအစဥ်ကနေ ပယ်ဖျက်ခဲ့ပြီး နိုဝင်ဘာ (၁၁) ရက်နေ့မှာ (၁၇) မြို့နယ်ကို (Stay at Home) အစီအစဥ◌်ကနေ ထပ်မံပယ်ဖျက်လိုက်တာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနမှ (Stay at Home) အစီအစဥ်မှ ပယ်ဖျက်ကြောင်း ကြေညာထားတဲ့မြို့နယ်များ

ဒီဇင်ဘာလအတွင်း ဂျပန်ရောက်မြန်မာတွေအတွက် ကယ်ဆယ်ရေးလေယာဥ် (၃) ကြိမ်ပြေးဆွဲမည်

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအတွက် ဒီဇင်ဘာလအတွင်းမှာ ကယ်ဆယ်ရေးလေယာဥ် (၃) ကြိမ်ပြေးဆွဲပေးဖို့ စီစဥ်နေတယ်လို့ တိုကျို မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။ ကယ်ဆယ်ရေးလေယာဥ◌်တွေကို ဒီဇင်ဘာ (၂) ရက် ၊ (၁၆) ရက်နဲ့ ၂၃ ရက်တို့မှာ ပျံသန်းပြေးဆွဲမှာဖြစ်တယ်လို့သိရပါတယ်။ ကယ်ဆယ်ရေးလေယာဥ◌်နဲ့ လိုက်ပါလိုတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ လေယာဥ◌်လက်မှတ်တွေကို ဂျပန်နိုင်ငံက လေယာဥ◌်လက်မှတ်အရောင်းစင်တာတွေ၊ ရန်ကုန်မြို့ရှိ AYA ကုမ္ပဏီရုံးဖုန်းနံပါတ်- (၉၅-၁) ၉၂၅ ၅၁၀၀ / (၉၅-၁) ၉၂၅၅၁၀၁ / (၉၅-၁) ၉၂၅၅၁၀၂ ကို ရုံးချိန် မနက် ၉ နာရီကနေ ညနေ ၄ နာရီအတွင်း ဆက်သွယ်ဝယ်ယူနိုင်သလို ၊ ANA – International Flights – Booking / ANA Offcial Site တို့မှာ လေယာဥ်လက်မှတ်တွေကို ဝယ်ယူနိုင်ပါတယ်။

Photo- MOFA (ဂျပန်နိုင်ငံမှကယ်ဆယ်ရေးလေယာဥ◌်ဖြင့်ပြန်လာသော မြန်မာနိုင်ငံသားများ)

ပဲခူးမြို့က ကမ္ဘောဇသာဒီနန်းတော်ကို ကိုဗစ်စည်းမျဥ်းများနဲ့အညီပြန်လည်ဖွင့်လှစ်

ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော်ကို နိုဝင်ဘာ (၁၀) ရက်နေ့ကစတင်ပြီး ကိုဗစ်စည်းမျဥ်းများနဲ့ အညီပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။ အဆိုပါနန်းတော်ကို တနင်္လာနေ့နဲ့ အများပြည်သူရုံးပိတ်ရက်တွေက လွဲပြီး နေ့စဥ်မနက် (၉) နာရီကနေ ညနေ (၄) နာရီခွဲအထိ ဖွင့်လှစ်ပေးထားမှာဖြစ်ပါတယ်။ နန်းတော်အတွင်းသို့ ဝင်ကြေးကို လက်ရှိမှာ ကလေးတစ်ဥ◌ီးလျှင် - ၃၀၀၊ လူကြီးတစ်ဥ◌ီးလျှင် - ၅၀၀ ကျပ်နှုန်းကောက်ခံထားပြီး (၂၀၂၂) ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ကစတင်ကာ ကလေး တစ်ဥ◌ီးလျှင် - ၅၀၀၊ လူကြီးတစ်ဥ◌ီးလျှင် - ၁၀၀၀ ကျပ်နှုန်း ပြောင်းလဲကောက်ခံသွားမှာဖြစ်ပါတယ်။

Photo- Yangon Tour (ကမ္ဘောဇသာဒီနန်းတော်ကို မြင်တွေ့ရစဥ◌်)

ဖိလစ်ပိုင်ရောက်မြန်မာတွေ အရေးပေါ်ပြန်လိုပါက ဆိုးလ်-ရန်ကုန်လေယာဥ်နဲ့ လိုက်ပါနိုင်

·လက်ရှိမှာ မနီလာ- ရန်ကုန် တိုက်ရိုက်ပျံသန်းပြေးဆွဲဖို့ လေယာဥ◌်တစ်စီးစာ ခရီးသည် ဥ◌ီးရေ မရှိတာကြောင့် အရေးပေါ်ပြန်လိုကြတဲ့ ဖိလစ်ပိုင်ရောက်မြန်မာတွေအနေနဲ့ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှတစ်ဆင့် ဆိုးလ်- ရန်ကုန် လေယာဥ◌်နဲ့ လိုက်ပါနိုင်တယ်လို့ မနီလာမြို့ရှိ မြန်မာသံရုံးက သတင်းထုထ်ပြန်ပါတယ်။ ကယ်ဆယ်ရေးလေယာဥ◌်တွေကတော့ အပတ်စဥ◌် အင်္ဂါနေ့တိုင်း ဆိုးလ်မြို့ကနေ ရန်ကုန်မြို့သို့ ပျံသန်းထွက်ခွာမှာဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လိုတဲ့ ဖိလစ်ပိုင်ရောက်မြန်မာနိုင်ငံသားတွေကတော့ မနီလာကနေ ဆိုးလ်မြို့ကို ကိုယ့်အစီအစဥ◌်နဲ့ ကိုယ်လာရမှာြဖစ်ပါတယ်။ အမှန်တကယ်ပြန်ဖို့ အစီအစဥ◌်ရှိမှသာ စာရင်းပေးဖို့နဲ့  မိမိတို့ ပြန်မယ့်ရက် မတိုင်မီ အနည်းဆုံး (၁၂) ရက်ကြိုတင်ပြီး မနီလာမြို့ရှိ မြန်မာရုံးမှာ လာရောက် အကြောင်းကြားရမှာပါ။ လူကိုယ်တိုင် မလာနိုင်ပါက မြန်မာသံရုံး အီးမေးလ်လိပ်စာ me.manila@gmail.com ကို ပေးပို့ရမှာဖြစ်ပါတယ်။

Photo- MOFA ( ဆိုးလ်မြို့မှ ကယ်ဆယ်ရေးလေယာဥ◌်ဖြင့်ပြန်လာသောမြန်မာနိုင်ငံသားများ)

ခရီးသွားခြင်းဆိုင်ရာ အချက်အလက်များအတွက် အသေးစိတ်သိရှိလိုပါက

·        Hot Line: +95 1 3500666 , +95 9 797 97 8888

·        Website: www.flymya.com

·        Email: booking@flymya.coinfo@flymya.co

·        Facebook Messenger: m.me/flymyatravels

·        Join us on Telegram: t.m/flymya တို့တွင် ဆက်လက်စုံစမ်းနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က