Squid Game ကို ထုတ်လွှင့်ပြီး ရက်သတ္တပတ်လေးပတ်မပြည်မီ ကြည့်ရှုသူ ၁၁၁ သန်းရှိခဲ့ပါတယ်

မြန်မာအပါအဝင် နိုင်ငံများစွာမှာ လူပြောများနေတဲ့ တောင်ကိုရီးယားဇာတ်လမ်းတွဲ Squid Game ကို ထုတ်လွှင့်ပြီး ရက်သတ္တပတ်လေးပတ်မပြည့်မီ ကြည့်ရှုသူ ၁၁၁ သန်းရှိခဲ့ရာ Netflix က ထုတ်လွှင့်ခဲ့သမျှ ဇာတ်လမ်းတွဲတွေထဲမှာ စတင်ထုတ်လွှင့်ပြီးနောက် လူကြည့်အများဆုံးနဲ့ အကျော်ကြားဆုံး ဇာတ်လမ်းတွဲဖြစ်လာတယ်လို့ အွန်လိုင်းရုပ်ရှင်နဲ့ဇာတ်လမ်းတွဲ ဝန်ဆောင်မှုကုမ္ပဏီက ယနေ့ (အောက်တိုဘာ ၁၂ ရက်) ပြောပါတယ်။

(Photo: Netflix)

ကမ္ဘာတစ်ဝန်း မကြုံစဖူး ကြည့်ရှုသူများခဲ့တဲ့ Squid Game ဇာတ်လမ်းတွဲဟာ ရိုးရာကလေးကစားနည်းတွေကို အခြေခံထားတဲ့ ဂိမ်းကစားနည်းမှာ ယှဥ်ပြိုင်ကစားကြပြီး ရှုံးနိမ့်သူက အသတ်ခံရကာ အနိုင်ရသူက တောင်ကိုရီးယားဝမ်ငွေ ဘီလီယံနဲ့ချီတဲ့ ဆုကြေးငွေများရရှိနိုင်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ Squid Game ကို စတင်ထုတ်လွှင့်ပြသခဲ့ပြီး မကြာမီမှာပင် ကမ္ဘာတစ်ဝန်း အထူးသဖြင့် ဆိုရှယ်မီဒီယာမှာ လူပြောများတဲ့ အကြောင်းအရာဖြစ်လာပြီး နိုင်ငံပေါင်း ၈၀ ကျော်မှာ ဝန်ဆောင်မှုပေးနေတဲ့ Netflix ရဲ့ လူကြည့်အများဆုံးစာရင်းမှာ ထိပ်ဆုံးကနေ ဦးဆောင်ခဲ့ပါတယ်။



တစ်ကမ္ဘာလုံးမှာ ဒီလောက် နာမည်ကြီးလာတာမျိုး ကျွန်တော်တို့ မမြင်ခဲ့ဖူးဘူး

Netflix က Squid Game ဇာတ်လမ်းတွဲကို စက်တင်ဘာ ၁၇ ရက်နေ့မှာ စတင်ထုတ်လွှင့်ခဲ့ပြီးနောက် ၂၇ ရက်အတွင်း ကြည့်ရှုသူက ၁၁၁ သန်းရှိခဲ့ရာ စတင်ထုတ်လွှင့်ပြီး ၂၈ ရက်အတွင်း ကြည့်ရှုသူ ၈၂ သန်းရှိခဲ့တဲ့ ဗြိတိန်ဇာတ်လမ်းတွဲ Bridgerton ကို အလွယ်တကူ ကျော်တက်သွားခဲ့ပါတယ်။

(Photo: Netflix)

Squid Game ယခုလောက်အထိ နာမည်ကြီး ကျော်ကြားလာမှုအပေါ် အံ့အားသင့်ကြရကြောင်း Netflix ရဲ့ co-CEO နဲ့ Chief Content Officer ဖြစ်သူ Ted Sarandos က ပြီးခဲ့တဲ့လအတွင်း ကယ်လီဖိုးနီးယားမှာ ကျင်းပပြုလုပ်တဲ့ နည်းပညာဆွေးနွေးပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။

"တစ်ကမ္ဘာလုံးမှာ ဒီလောက် နာမည်ကြီးလာတာမျိုး ကျွန်တော်တို့ မမြင်ခဲ့ဖူးဘူး" လို့ ၎င်းက ဖွင့်ဟခဲ့ပါတယ်။ Squid Game ရဲ့ အောင်မြင်မှုက K-pop ဂီတအဖွဲ့ BTS နဲ့ အော်စကာဆုရ Parasite ရုပ်ရှင်ဇာတ်ကားတိုကဲ့သို့ပင် ကမ္ဘာတစ်ဝန်း တောင်ကိုရီးယားယဥ်ကျေးမှု လွှမ်းမိုးလာမှုကို ပိုမိုတိုးမြင့်လာစေတယ်လို့ ဆိုပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က