လီယွန်နယ် မက်ဆီဟာ ပင်နယ်တီကနေ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဘောလုံးသမိုင်းမှာ အထင်ကရပုံရိပ်တစ်ခုဖြစ်လာမယ့် အရာကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားနဲ့အတူ အောင်မြင်မှု ရရှိခဲ့ပြီးနောက် နောက်ဆုံးမှာတော့ ပထမဆုံး အင်တာဗျူးကို ဖြေဆိုခဲ့ပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင် ဆောင်းရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး မတူညီတဲ့မေးခွန်းတွေ မေးမြန်းခြင်းခံခဲ့ရပြီး အဲဒီထဲက တစ်ခုဟာ နယ်သာလန်နဲ့ပွဲစဉ်က ၎င်းရဲ့ ကျော်ကြားခဲ့တဲ့ အောင်ပွဲခံဟန်အကြောင်း ဖြစ်ပါတယ်။ နယ်သာလန်ကို အာဂျင်တီးနားအသင်းက အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်းမှာ လီယွန်နယ် မက်ဆီဟာ ပင်နယ်တီကနေ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဘောလုံးသမိုင်းမှာ အထင်ကရပုံရိပ်တစ်ခုဖြစ်လာမယ့် အရာကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာ နားနှစ်ဖက်ကို စွင့်ထားပြီး ဒတ်ချ်ခုံတန်းကို ရပ်ကြည့်နေခဲ့တာဖြစ်ပြီး အာဂျင်တီးနားဂန္တဝင် ရီကွယ်မီးရဲ့ ထင်ပေါ်ကျော်ကြားခဲ့တဲ့ အောင်ပွဲခံဟန်အတိုင်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီရဲ့ အောင်ပွဲခံဟန်ဟာ နယ်သာလန် အရန်ခုံတန်းမှာ ထိုင်နေတဲ့ နည်းပြ ဗန်ဟားလ်ရှေ့မှာ လုပ်ဆောင်ပြခဲ့တာကြောင့် ပိုလို့တောင် သိသာထင်ရှားခဲ့တာဖြစ်ပေမယ့်လည်း အာဂျင်တီးနားကြယ်ပွင့်ဟာ အဲဒီအောင်ပွဲခံဟန်နဲ့ပတ်သက်ပြီး အရမ်းစိတ်ကျေနပ်ခဲ့တာမျိုးမရှိခဲ့တာဖြစ်ပါတယ်။

"အဲဒီအချိန်မှာ အဲဒီလို လုပ်ဖို့ စိတ်ကူးရခဲ့ပါတယ်။ ပွဲမတိုင်ခင် ဆွေးနွေးခဲ့တဲ့အရာအားလုံးကို ကျွန်တော် သိခဲ့တယ်။ လူးဝစ္စ ဗန်ဟားလ် ပြောခဲ့တာတွေပေါ့။ ကျွန်တော် လုပ်ခဲ့တာကို ကျွန်တော် မနှစ်သက်ခဲ့ပါဘူး"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က