နိုင်ငံ ၄ ခုကို တိုးချဲ့လာတာပါ

           လနဲ့ချီ စမ်းသပ်မှုတွေ လုပ်ဆောင်ပြီးနောက် နိုင်ငံရေးနဲ့ဆိုင်တဲ့ content တွေကို သုံးစွဲသူတွေရဲ့ News Feeds တွေပေါ်မှာ ပြသမှု လျှော့ချနေပြီလို့ Facebook က ကြေညာပါတယ်။

           Engadget သတင်းမှာတော့ ဒီနေ့ကစပြီး Facebook ဟာ News Feed ပေါ်မှာ နိုင်ငံရေးအကြောင်းအရာ content တွေ လျှော့ချသွားဖို့ စီစဉ်နေကြောင်း ဖော်ပြထားပါတယ်။ Facebook ပလက်ဖောင်းမှာ နိုင်ငံရေး content တွေ ဖော်ပြမှု ကန့်သတ်သွားမယ့် အစီအစဉ်ကို ဒီနှစ်ဆန်းပိုင်းကပဲ အမေရိကန် ၊ ကနေဒါ ၊ ဘရာဇီးနဲ့ အင်ဒိုနီးရှားတို့မှာ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။





Photo: hypebeast

           အခုတော့ ဒီ စမ်းသပ်မှုကို ကော်စတာရီကာ ၊ ဆွီဒင် ၊ စပိန်နဲ့ အိုင်ယာလန်တို့မှာလည်း တိုးချဲ့လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ Facebook ပလက်ဖောင်းရဲ့ Feeds တွေမှာ နိုင်ငံရေး content တွေနဲ့ ပြည့်နေတယ်ဆိုတဲ့ ဝေဖန်သံတွေ ညံလာပြီးနောက် Political Content တွေ ဖော်ပြမှု ကန့်သတ်ဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။ နိုင်ငံရေး content ဖော်ပြမှု လျှော့ချခြင်းနဲ့အတူ Facebook လူမှုကွန်ရက် သုံးစွဲသူတွေရဲ့ News Feeds မှာ မျက်မှောက်ရေးရာ ဖြစ်ရပ်အကြောင်း content တွေပါ တွေ့မြင်မှု နည်းလာဖို့ ရှိပါတယ်။

 

           "ကျွန်တော်တို့ လူ့အဖွဲ့အစည်းဆီက အများဆုံးကြားရတဲ့ တုံ့ပြန်ချက်အတိုင်း အပြောင်းအလဲလုပ်လိုက်တာပါ။ Facebook အနေနဲ့ သုံးစွဲသူတွေအတွက် ဘယ်အပိုင်းတွေ ပိုကောင်းအောင် လုပ်ပေးနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး လူထုရဲ့ အသံကို နားထောင်ဖို့ ဆက်ပြီး သုတေသနလုပ်နေပါတယ်။ " လို့ Facebook မှ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။


Photo: news18


           လူမှုကွန်ရက်သုံးသူတွေနဲ့ ထိတွေ့ပျံ့နှံ့မှုပြတဲ့ Engagement Signals တချို့ကလည်း ဘယ်လိုပို့စ်တွေက လူတွေအတွက် ပိုပြီး တန်ဖိုးရှိသလဲဆိုတာကို အရင်ကထက် ပိုကောင်းအောင် ညွှန်ပြလာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။ ဒီလို လူမှုကွန်ရက်သုံးစွဲသူတွေဆီက တုံ့ပြန်မှုကို ထောက်လှမ်းနိုင်တဲ့ အချက်အလက်ကို သုံးပြီး Facebook သုံးသူတစ်ယောက်ဟာ political content တွေကို comment နဲ့ share လုပ်နိုင်ခြေ ဘယ်လောက်ရှိသလဲ ဆိုတာထက် နိုင်ငံရေးခေါင်းစဉ်နဲ့ မျက်မှောက်ဖြစ်ရပ်‌တွေအကြောင်း ပို့စ်တွေအပေါ် Negative Feedback ပေးနိုင်ခြေ ဘယ်လောက် ရှိသလဲဆိုတာကို Facebook က အာရုံစိုက်လာတာပါ။

           Facebook ရဲ့ Algorithm သာ political content တွေကို ထိထိရောက်ရောက် ထောက်လှမ်းနိုင်မယ်ဆိုရင် သတင်းမှား ပျံ့နှံ့မှုနှုန်းလည်း လျှော့ချနိုင်ဖို့ ရှိပါတယ်။ Facebook ဟာ အရင်ကလည်း ရွေးကောက်ပွဲတွေ မတိုင်ခင် လူမှုကွန်ရက် News Feed တွေမှာ political content တွေ ဖော်ပြမှု ယာယီရပ်ဆိုင်းတာမျိုး လုပ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က