နယူးကာဆယ်နဲ့ပွဲအပြီးမှာ ပြောကြားခဲ့တာပါ။

လီဗာပူးဂန္တဝင်ကစားသမားကြီး ကာရေဂါက အာဆင်နယ်တို့ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးဖို့ မဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ စနေနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာ ဒီရာသီ ပထမဆုံး လိဂ်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။



အဆိုပါပွဲမှာ အာဆင်နယ်တို့ အငြင်းပွားဖွယ် အနေအထားကနေ ဂိုးပေးလိုက်ရတာဖြစ်ပြီး VAR နဲ့ ပတ်သက်လို့ ဝေဖန်သံတွေလည်း ဆူညံခဲ့ပါတယ်။ ဒါပေမယ့် ချေပဂိုးရအောင်လည်း ပြန်မစွမ်းဆောင်နိုင်ခဲ့တာကြောင့် စိတ်ပျက်စရာ ရှုံးပွဲတစ်ပွဲနဲ့သာ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
အဲ့ဒါကြောင့်လည်း ကာရေဂါက “အာဆင်နယ်က နယူးကာဆယ်နဲ့ပွဲမှာ လုံလောက်တဲ့ အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့ပါဘူး။ နယူးကာဆယ်ကတောင် အခွင့်အရေးကောင်းတွေ ပိုဖန်တီးခဲ့ပါသေးတယ်။ ဆာကာ၊ မာတီနယ်လီတို့အကြောင်း ပြောချင်တာ မဟုတ်ပါဘူး။ မန်စီးတီးမှာလည်း ဂရီလစ်ရှ်၊ ဒိုကူတို့လို လှည့်သုံးနိုင်တဲ့ကစားသမားတွေရှိပါတယ်”
“ဒါက ဖြေရှင်းနည်းပါပဲ။ သူတို့မှာ သူတို့ရဲ့ပုံစံအတိုင်း အသားကျနေတဲ့ အထောင်တိုက်စစ်မှူး (ဟာလန်း) ရှိပြီးသားပါ။ ဒါပေမယ့် အာဆင်နယ်မှာ ချန်ပီယံဖြစ်ဖို့အတွက် ဒီလိုမျိုး ဗဟိုတိုက်စစ်မှူးနဲ့ ဂိုးသမားရှိလို့လား။ ကျွန်တော့်အထင် မရှိပါဘူး။ ကျွန်တော့်အတွက် ရမ်စ်ဒေးလ်က ဆုဖလားယူပေးနိုင်တဲ့ ဂိုးသမား မဟုတ်ပါဘူး”
“ဒကလန်ရိုက်စ်ကို ခေါ်ယူလိုက်တာက အသင်းကို တိုးတက်စေပါတယ်။ ဒါပေမယ့် ကစားသမားတွေက ပြီးခဲ့တဲ့ရာသီက သူတို့ရဲ့ပုံစံတွေကို ပစ်ချပြီး ကစားနေသလိုပါပဲ” လို့ ဝေဖန်သုံးသပ်သွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီမှာ အမှတ်ပေးဇယားကို ဆက်တိုက် ဦးဆောင်နိုင်ခဲ့ပြီး ရာသီကုန်ခါနီးမှ မန်စီးတီးက ကျော်တက် ဗိုလ်စွဲသွားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က