အီတလီကို အရေးနိမ့်ခဲ့ပြီးနောက် တန်းဆင်းခဲ့ရပါပြီ။

ကမ္ဘာ့ဖလားမတိုင်ခင်မှာတော့ နာမည်ကျော်အင်္ဂလန်တို့ ဖိအားအများအပြားနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ မနေ့ညက ကစားခဲ့တ​ဲ့ အီတလီနဲ့ နေးရှင်းလိဂ်ပွဲမှာ ၁-၀ နဲ့ အရေးနိမ့်ခဲ့အပြိး အင်္ဂလန်တို့ တန်းဆင်းသွားခဲ့ရပြီဖြစ်ပါတယ်။ အုပ်စု (ခ) မှာ အင်္ဂလန်က ၅ ပွဲကစားပြီးချိန်မှာ နိုင်ပွဲလုံး၀မရှိခဲ့ဘဲ ၃ ပွဲအထိ ရှုံးနိမ့်ခဲ့ကာ ရဂိုးကလည်း ၁ ဂိုးတည်းရှိပြီး တော်တော်လေးရုပ်ပျက်ဆင်းပျက်နိုင်နေခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ယူရိုမှာ ခြေစွမ်းပြပြီး ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့တဲ့ အင်္ဂလန်ဟာ ယူရိုပြိုင်ပွဲအပြီးမှာ တော်တော်လေးခြေစွမ်းကျဆင်းလာတာဖြစ်ပါတယ်။ Open Play ကနေ ဂိုးမသွင်းနိုင်ခဲ့တာလည်း မိနစ်ပေါင်း ၄၅၀ အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ဖလားကျင်းပဖို့အတွက် တလကျော်တော့လောက်သာ လိုတော့လို့ အင်္ဂလန်ပရိသတ်တွေကို သွေးတက်နေစေပြီလည်းဖြစ်ပါတယ်။

အင်္ဂလန်နည်းပြဆောက်ဂိတ်ကတော့ ဝေဖန်မှုအားလုံးကို သူ တာဝန်ယူတယ်လို့ ပြောဆိုခဲ့ပါတယ်။ အသင်းကို ပြစ်တင်ဝေဖန်မှုတွေအားလုံးကလည်း သူ့ရဲ့တာဝန်သာပြောဆိုခဲ့ပါတယ်။ "ဆိုးရွားတဲ့ ရလဒ်တွေကို ကျနော်တို့ဆက်တိုက်တွေ့နေရပါတယ်၊ ကျနော်တို့ လုပ်ရမယ့် တခုတည်းသောနည်းလမ်းကတော့ ကျနော်တို့ယုံကြည်မှုကို ကိုင်ဆုပ်ထားဖို့ပါပဲ၊ အရင်ပြိုင်ပွဲတွေမှာ ကျနော်တို့အောင်မြင်ခဲ့တာတွေကို ဆုပ်ကိုင်ထားရမှာပါ" လို့ ပြောဆိုခဲ့ပါတယ်။ 

အင်္ဂလန်ရဲ့ ခြေစွမ်းကလည်း အားရစရာအနေအထားမှာမရှိခဲ့တဲ့အပြင် ကစားသမားတွေရဲ့ တုံ့ပြန်မှုကလည်း အားနည်းချက်တွေအများကြီးရှိခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးချိန်မှာ အသင်းကစားပုံကို မြှင့်တင်ရမှာဖြစ်ပေမယ့်လည်း တဦးချင်းစီရဲ့ ကစားပုံကိုက ညံ့ဖျင်းနေခဲ့ကာ အီတလီဘက်ကို ချေပဂိုးပြန်သွင်းဖို့အတွက် အခွင့်အရေးမရသလောက်ဖြစ်ခဲ့ရပါတယ်။ 

ပရိသတ်တွေကတော့ ကမ္ဘာ့ဖလားမှာ သူတို့အသင်း အခြေအနေမကောင်းလောက်ဘူးလို့ ယူဆနေကြပြီဖြစ်ပါတယ်။ အသင်းခြေစွမ်းကို စိတ်ပူနေသူတွေလည်းရှိနေကြပြီး အုပ်စုအဆင့်က တက်ရောက်နိုင်ပါ့မလားလို့ သံသယဝင်မှုတွေလည်း စတင်ရှိလာခဲ့တယ်။ 

Share

Loading Next Article...
က္က