ဒီနှစ်ကုန်ပိုင်းမှာ Coinbase NFT ဆိုပြီး မြင်တွေ့ရမှာပါ

၂၀၂၁ မှာ ပေါ်ပြူလာဖြစ်လာတဲ့ NTF (Non-Fungible Tokens) ဈေးကွက်အတွက် ပလက်ဖောင်းတစ်ခုကို Coinbase က ဖော်ဆောင်လိုက်တာပါ။ 

နာမည်ကျော် Cryptocurrency Exchange တစ်ခုဖြစ်တဲ့ Coinbase ဟာ NFTs ချစ်သူတွေ ကိုယ်တိုင် NFTs ထုတ်နိုင် ၊ သူများဆီက ဝယ်ယူစုဆောင်းနိုင်ပြီး NFTs တွေ အရောင်းအဝယ်လုပ်နိုင်တဲ့ ဈေးကွက်ပလက်ဖောင်း marketplace တစ်ခု ဖွင့်ဖို့ စီစဉ်လိုက်တာပါ။ သုံးစွဲသူတွေအနေနဲ့ ပလက်ဖောင်းပေါ်က feature ကို အစောဆုံးရယူနိုင်ဖို့ တန်းစီစောင့် waitlist စာရင်းမှာ Sign Up လုပ်နိုင်ပြီလို့လည်း ကုမ္ပဏီက ကြေညာပါတယ်။ 



ဒီနှစ်ထဲမှာ Cryptocurrency စိတ်ဝင်စားသူတွေအကြား NFTs ဆိုတဲ့ Digital Asset တစ်မျိုးဟာ နာမည်ကြီးလာခဲ့ပါတယ်။ NFTs ဟာ ရှားပါးအနုပညာပစ္စည်းလိုမျိုး ၊ တံဆိပ်ခေါင်းလိုမျိုး ဝါသနာအိုးတွေ စုဆောင်းကြတဲ့ အွန်လိုင်း Item ရဲ့ ပိုင်ဆိုင်မှုကို ကိုယ်စားပြုတာ ဖြစ်ပြီး တခြား NFTs နဲ့ လဲလို့ မရတာကြောင့် Non-Fungible လို့ ခေါ်ကြတာပါ။ NFTs ပိုင်ဆိုင်မှုတွေကို ဒီဂျစ်တယ်လယ်ဂျာ Blockchain တစ်ခုပေါ်မှာ မှတ်တမ်းတင်ထားပါတယ်။ NFT တစ်ခုချင်းစီဟာ unique ဖြစ်ပြီး ပွားယူလို့မရအောင် လုပ်ထားတာပါ။ ကုဒ်နဲ့ကိုယ်စားပြုထားတဲ့ digital asset မျိုးဖြစ်ပြီး လက်ရှိမှာ NFTs တွေကို Cryptocurrency တွေနဲ့ပဲ အရောင်းအဝယ်လုပ်နေကြတာပါ။ 

Photo: Tech Crunch


ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာပဲ ကျောက်တုံးပုံစံ ETHRocks NFT တစ်ခုကို ဒေါ်လာ ၁.၃ သန်း တန်တဲ့ Ethereum နဲ့ ဝယ်သွားခဲ့ပါတယ်။ ဒါဟာ လောလောဆယ် NFTs တွေထဲမှာ ဈေးအမြင့်ဆုံး ရခဲ့တဲ့ NFT လည်း ဖြစ်ပါတယ်။ Virtual Rocks တစ်ခုကို ဒေါ်လာသန်းချီတဲ့ ဈေးနဲ့ ရောင်းခဲ့သူဟာ ယူကေနိုင်ငံသား Crypto Trader တွမ် အော့စ်မန်ဆိုသူဖြစ်ပြီး ဒီကျောက်တုံး (EtherRock နံပါတ် ၄၂) ကို ၁.၇ ETH (ဒေါ်လာ ၄၈၀၀ခန့်ဈေး) နဲ့ ပေးဝယ်ခဲ့ပြီး ETH ၄၀၀ နဲ့ ပြန်ရောင်းခဲ့တာပါ။ 

အခုနောက်ပိုင်း Crypto Trader တွေအကြားမှာ NFTs ဝယ်ရောင်းတွေ နဲ့ ခေတ်စားလာသလို Developer တွေထဲမှာလည်း NFTs ဖန်တီးသူတွေ ရှိလာနေပါတယ်။ အသက် ၁၂ ရက်အရွယ် ဘန်ညားမင်း အာမက်ဆိုတဲ့ ဆယ်ကျော်သက် ပရိုဂရမ်မာတစ်ယောက်ဆို NFTs ရောင်းရင်းနဲ့ နှစ်လအတွင်း ဒေါ်လာ ၄ သိန်းကျော် ဝင်ခဲ့တယ်လို့လည်း CNBC သတင်းက ဖော်ပြခဲ့ပါတယ်။ ဒီနှစ်ထဲမှာ NFT tokens တွေ ရောင်းအားထိုးတက်နေပြီး တတိယသုံးလပတ်အတွင်း NFT ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုဟာ ဒေါ်လာ ၁၀ ဘီလျံအထိ ရှိခဲ့တယ်လို့လည်း DappRadder လို့ခေါ်တဲ့ Crypto Apps ပေါ်က ဒေတာတွေ ခြေရာခံနေတဲ့ ကုမ္ပဏီတစ်ခုက ဆိုပါတယ်။


Photo; nairametrics

၂၀၂၁ မတ်လထဲမှာပဲ Beeple လို့ ခေါ်တဲ့ လူသိများတဲ့ ဒစ်ဂျစ်တယ်အနုပညာရှင် မိုက်ခ်ဝင်ကယ်မန်းရဲ့ ဒစ်ဂျစ်တယ် NFT အနုပညာတွေဟာ Christie's လေလံရုံမှာ ဒေါ်လာ ၆၉ သန်းဖိုး ရောင်းချနိုင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် မတ်လ ၂၁ ရက်နေ့က ရေးခဲ့တဲ့ Twitter အမှုဆောင်အရာရှိချုပ် ဂျက်ခ်ဒေါ်ဆီရဲ့ ပထမဆုံး Tweet "just setting up my twttr"ကို NFTs တစ်ခုအဖြစ် ပြန်ရောင်းရာမှာ ဒေါ်လာ ၃ သန်းနီးပါး ရခဲ့ပါတယ်။ 

Coinbase ကတော့ သူ့ရဲ့ NFT Marketplace ကို Coinbase NFT လို့ နာမည်ပေးသွားမှာ ဖြစ်ပြီး Social Features တွေနဲ့ ဗွီဒီယိုတွေနဲ့ Content တွေ အွန်လိုင်းပေါ် တင်ပြီး ငွေရှာနေတဲ့လူတွေအကြောင်း Creator Economy နာမည်နဲ့ ကဏ္ဍတွေပါ ထည့်သွင်းသွားမယ်လို့ ဆိုပါတယ်။ NFTs ဟာ နောက်ပိုင်းမှာ အနုပညာသည်တွေ ငွေရှာတဲ့ ဈေးကွက်ကြီးတစ်ခု ဖြစ်လာနိုင်သလို တစ်ဖက်မှာလည်း Crypto ဈေးကွက်လိုပဲ ပူဖောင်းဆန်မယ်လို့ ထင်ကြေးပေးနေသူတွေ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က