၅ နှစ်သားကတည်းက Code ရေးတာ စိတ်ဝင်စားခဲ့တဲ့ကလေးပါ

ဘညားမင်းအာမက် Benyamin Ahmed ဟာ သာမန် ၁၂ နှစ်အရွယ် ဆယ်ကျော်သက်တစ်ယောက်တော့ မဟုတ်ပါဘူး။ 

ကျောင်းပိတ်ရက်တွေမှာ တိုက်ကွမ်ဒိုကစားတာ ၊ ရေကူးတာ နဲ့ Code ရေးရတာကို ပျော်တဲ့ သူဟာ အသက် ၅ နှစ်အရွယ်ကတည်းက ဖခင်ဖြစ်သူ Web Developer အင်မ်ရန်အလုပ်လုပ်နေတာကို ကြည့်ပြီး programming လေ့လာခဲ့သူပါ။ HTML ၊ CSS နဲ့ Programming လောကထဲ ဝင်လာပြီး နောက်ပိုင်းမှာ Coding Skills ကို မြှင့်တင်ဖို့ JavaScript နဲ့ တခြားပရိုဂရမ်တွေ လေ့လာခဲ့တယ်လို့ ဆိုပါတယ်။ 




Photo: CNBC

အခုနောက်ပိုင်းမှာတော့ အာမက်ဟာ Crypto Trader တွေအကြားမှာ ခေတ်စားလာတဲ့ NFTs (Non-Fungible Tokens) နဲ့ Decentralized Finance (DeFi) Token Trade လုပ်တာအပေါ် စိတ်ဝင်စားလာတယ်လို့လည်း ပြောပါတယ်။ "NFTs တွေအကြောင်းကို အခုနှစ်ဆန်းပိုင်းမှ စပြီး လေ့လာဖြစ်တာပါ။ Blockchain ကနေ NFT ပိုင်ရှင်အလွယ်လေး ပြောင်းနိုင်တာကနေ စိတ်ဝင်စားသွားတာ" လို့လည်း CNBC Make It ကို အာမက်က ပြောပါတယ်။

NFTs တွေဟာ ဒီဂျစ်တယ်လယ်ဂျာ Blockchain တစ်ခုပေါ်မှာ မှတ်ထားတဲ့ ကုဒ်နဲ့ကိုယ်စားပြုထားတဲ့ digital asset တွေ ဖြစ်ပြီး jpegs နဲ့ video clips တို့လိုမျိုးတွေ ပါဝင်တဲ့ သီးသန့် unique assets တွေ ဖြစ်ပါတယ်။ NFT တစ်ခုချင်းစီကို ပုံမှန် physical asset ပိုင်ဆိုင်မှုတစ်ခုလိုပဲ အရောင်းအဝယ်လုပ်ကြပါတယ်။ blockchain ပေါ်ကနေ လုပ်တာ ဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် နောက်ကြောင်းလိုက်လို့ရအောင် လုပ်ထားပါတယ်။ 

ဘညားမင်းအာမက် (၁၂နှစ်-ဘယ်) နဲ့ သူ့အကိုယာဆွတ်အာမတ် (၁၃နှစ်-ညာ)

ဒီနည်းပညာကို စိတ်ဝင်စားသွားတဲ့ အာမက်ဟာ ကိုယ်တိုင် NFT စုဆောင်းမှုတစ်ခု လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံး NFT Collection ထဲမှာ အရောင်စုံတဲ့ Minecraft Yee Haa လို့ ခေါ်တဲ့ ပုံတူ pixelized ပုံပေါင်း ၄၀ ပါခဲ့ပါတယ်။ Minecraft ဂိမ်းကို နာရီပေါင်းများစွာ ကစားပြီး ဖန်တီးခဲ့တဲ့ အနုပညာဖြစ်ပြီး တစ်ပုံချင်းစီကို သူကိုယ်တိုင် coded လုပ် ဖန်တီးထားတာပါ။ 

ဇွန်လထဲမှာ pixel တုံးလေးတွေနဲ့ ပုံဖော်ထားပြီး တစ်ခုနဲ့တစ်ခု ကွဲပြားနေတဲ့ ဝေလငါးပုံ ၃၃၅၀ ပါဒုတိယအကြိမ်မြောက် NFT စုဆောင်းမှု လုပ်ခဲ့ပါတယ်။ Wired Whales စုဆောင်းမှုအတွက် ကုဒ်ရေးခဲ့ပြီး ဒီပရောဂျက်အတွက် ဒေါ်လာ ၃၀၀ ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။ ဒီဒေါ်လာ ၃၀၀ က NFT တစ်ခုချင်းစီကို blockchaing မှာ စိစစ်အတည်ပြဖို့ ပေးရတာ အဓိကကုန်ကျတယ်လို့လည်း သူကပြောပါတယ်။


Photo: CNBC

ဇူလိုင်လထဲမှာ သူ့ရဲ့ စုဆောင်းမှုအားလုံးကို ၉ နာရီအတွင်း အကုန်ရောင်းချခဲ့ပြီး တစ်ရက်တည်းနဲ့ Ether 80 ရခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီနေ့ Ethereum ပေါက်ဈေးအရ ဒေါ်လာ ၂၅၅၀၀၀ ရခဲ့တာ ဖြစ်ပြီး ဈေးကွက်မှာ နောက်တစ်ဆင့် လက်လွှဲရောင်းချမှုအတွက် မူပိုင်ကြေး ၂.၅% ကြောင့် နောက်ထပ် Ether 30 (ဒေါ်လာ ၉၅၀၀၀) ထပ်ရခဲ့တယ်လို့ဆိုပါတယ်။ ဩဂုတ်လအကုန်အထိ NFT Token ဖန်တီးရောင်းချမှုကနေ သူ့ရဲ့ စုစုပေါင်း ဝင်ငွေဟာ ဒေါ်လာ ၄ သိန်းကျော် ရျိခဲ့တယ်လို့ဆိုပါတယ်။

လောလောဆယ် အာမက်မှာ ရိုးရိုးဘဏ်အကောင့်တော့ မရှိသေးပေမယ့် Cryptocurrency Wallet တစ်ခုတော့ ရှိနေပြီ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးလည်း နောက်ထပ် NFT ပရောဂျက်တွေ လုပ်သွားဖို့နဲ့ ပိုပြီးအောင်မြင်တဲ့ NFT စုဆောင်းမှုတွေလုပ်သွားမယ်လို့လည်း ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က