အသင်းဖော်တွေရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့တာပါ။

ရှုံးထွက်အဆင့်ကို တောင်ကိုရီးယားတက်ရောက်နိုင်ခဲ့ပြီးချိန်မှာ ဆွန်ဟောင်မင်က အသင်းဖော်တွေကို ကျေးဇူးတင်စကားပြောဆိုလိုက်ပါတယ်။ တောင်ကိုရီးယားအသင်းခေါင်းဆောင်ဟာ ကမ္ဘာ့ဖလားမှာ သွင်းဂိုးမရရှိသေးပေမယ့် ပေါ်တူဂီနဲ့ ကစားခဲ့တဲ့ မနေ့ကပွဲမှာ အသင်းအတွက် အရေးအကြီးဆုံးဖြစ်လာခဲ့တဲ့ အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ 

ပေါ်တူဂီကို အနိုင်ရခဲ့လို့ တောင်ကိုရီးယားဟာ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး အံ့အားသင့်ဖွယ်ရာနိုင်ပွဲကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ တဖက်မှာ ဥရုဂွေးက ဂါနာကို အနိုင်ရခဲ့ပြီး တောင်ကိုရီးယားနဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက်တူနေပေမယ့် တောင်ကိုရီးယားက ရဂိုးအသာစီးရခဲ့လို့ နှာတဖျားအသာလေးနဲ့ နောက်တဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ 

ပွဲအပြီးမှာ ဆွန်ဟောင်မင်က " အသင်းခေါင်းဆောင်အဖြစ်နဲ့ ကျနော်ကောင်းကောင်းမစွမ်းဆောင်ပေးနိင်ချိန်မှာ အသင်းဖော်တွေက အကောင်းဆုံးအားထုတ်ပေးခဲ့ပြီး ကျနော့်နောက်မှာရှိနေခဲ့ကြပါတယ်၊ သူတို့ကို ကျနော်အရမ်းကျေးဇူးတင်တယ်၊ ပြီးတော့ သူတို့အတွက်လည်း ဂုဏ်ယူမိတယ်၊ သူတို့က ဘယ်တော့မှ အရှုံးမပေးခဲ့ဘူး၊ အသင်းအတွက် စွန့်လွှတ်အနစ်နာခံခဲ့ပါတယ်" လို့ Sky Sports ကို ပြောဆိုခဲ့တာပါ။ 

စပါးတိုက်စစ်ကစားသမားဟာ ဥရုဂွေးပွဲစဉ်မပြီးသေးလို့ ရလဒ်ကို စောင့်ဆိုင်နေချိန်အတွင်း အသင်းကို အားပေးစကားတွေပြောဆိုခဲ့ပါသေးတယ်။ "ဒီအခိုက်အတန့်အတွက် ကျနော်စောင့်ဆိုင်းနေခဲ့ရတာ ကြာပါပြီ၊ အခုတော့ လုပ်နိုင်ခဲ့ပါပြီ" လီု့ ဆွန်က ထပ်ပြောခဲ့ပါတယ်။ တောင်ကိုရီးယားကတော့ ၁၆ သင်းအဆင့်မှာ ဘရာဇီးလ်ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က