“တကယ်လို့ ဂယ်ရီ (နဗီးလ်) က ကျွန်တော့်အနေနဲ့ ကျောထောက်နောက်ခံအင်အားကြောင့် ဒီရာသီ ဒါမှမဟုတ် နောက်ရာသီမှာ ဆုဖလားရဖို့ လိုအပ်တယ်လို့ပြောတယ်ဆိုရင် ကျွန်တော်လည်း လက်ခံပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်နောက်မှာ အသင်းက ရပ်တည်ပေးနေပြီး ကောင်းကောင်းလည်း အလုပ်ဖြစ်နေပါတယ်။ ဒီထောက်ခံမှုတွေကြောင့် ကျွန်တော်က ကျွန်တော့်ရဲ့အစီအစဥ်တွေကို အကောင်အထည်ဖော်နိုင်မယ်လို့ မြင်ပါတယ်”
“ကျွန်တော် ဒီနေရာမှာရောက်နေတာ ဆုဖလားတွေရယူဖို့ပါ။ ကျွန်တော်တို့ တိုးတက်လာတယ်ဆိုတာကို အရှင်းကြီးမြင်တွေ့နေရပြီး ကစားသမားသစ်တွေခေါ်ယူမှုနဲ့အတူ ပိုကောင်းတဲ့စွမ်းဆောင်ရည်တွေနဲ့ ပိုကောင်းတဲ့ မျှော်လင့်ချက်တွေကို သတ်မှတ်ထားပါတယ်။ ကျွန်တော် ဆုဖလားတွေယူဖို့ ဒီရောက်နေတာ၊ အသင်းရဲ့ကိုယ်ပိုင်ဟန်နဲ့အောင်မြင်ဖို့ဆိုတာကို ဂယ်ရီလည်းသိပါတယ်။ သူနဲ့လည်း စကားပြောထားပါတယ်”
ယူနိုက်တက်ဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲအဖြစ် ယန်းဘွိုင်းစ်နဲ့ အဝေးကွင်းပွဲမှာ ရှုံးနိမ့်ခဲ့ပြီး မနက်ဖြန်ညမှာတော့ ဗီလာရီးရဲယ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။