အာဆင်နယ်ပရိသတ်တွေက ဟာလန်းကို လှောင်ပြောင်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ မန်စီးတီးတို့ရဲ့ ကွန်မြူနတီဒိုင်းဗိုလ်လုပွဲမှာ အာဆင်နယ်က မန်စီးတီးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲရဲ့ သာမန်ပွဲကစားချိန်အတွင်း တစ်ဖက် တစ်ဂိုးစီသရေကျနေတာကြောင့် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရတာပါ။



မန်စီးတီးဟာ ပွဲကစားချိန် နောက်ဆုံးမိနစ်အထိ လူငယ်ကစားသမားလေး ပါလ်မားရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့် ပွဲကစားချိန် မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပိုမှာတော့ အာဆင်နယ်အတွက် ထရော့ဆက်ဒ်က ချေပဂိုးသွင်းပေးခဲ့တာကြောင့် တစ်ဂိုးစီသရေကျပြီး ပင်နယ်တီကန်သွင်းခဲ့ရပါတယ်။

ပင်နယ်တီအဆုံးအဖြတ်မှာတော့ အာဆင်နယ်ကစားသမားတွေက အမှားအယွင်းမရှိခဲ့ဘဲ ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲရဲ့ ပွဲကစားချိန် မိနစ် (၆၀) ဝန်းကျင်မှာတော့ ဟာလန်းတစ်ယောက် လူစားလဲခံခဲ့ရပြီး သူ ကွင်းထဲက ထွက်လာချိန်မှာ ဝင်ဘလေကွင်းထဲရောက်ရှိနေတဲ့ အာဆင်နယ်ပရိသတ်တွေက ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြပါတယ်။

ဒါပေမယ့် ဟာလန်းကတော့ အာဆင်နယ်ပရိသတ်တွေကို အကောင်းဆုံးတုံ့ပြန်သွားခဲ့ပါတယ်။ အဆိုပါ နော်ဝေသားက လက်သုံးချောင်းထောင်ပြခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးရဲ့ ဆုဖလားသုံးလုံးအောင်မြင်မှုကို ရည်ညွှန်းခဲ့တာလည်း ဖြစ်ပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး တစ်ရာသီအတွင်း ဆုဖလားသုံးလုံးကို ရရှိခဲ့ပါတယ်။ အထူးသဖြင့် ပရီးမီးယားလိဂ်မှာ အာဆင်နယ်ကို ကျော်တက်ပြီး ချန်ပီယံဖြစ်ခဲ့တဲ့အပြင် အခု ဟာလန်းရဲ့ တုံ့ပြန်သွားပုံကလည်း အာဆင်နယ်တို့ ကွန်မြူနတီဒိုင်းရသွားသည့်တိုင် ပွဲပြီးတဲ့အထိ အာဆင်နယ်ပရိသတ်တွေအတွက် အောင့်သက်သက်ဖြစ်နေမှာ အသေအချာပါပဲ။

Share

Loading Next Article...
က္က