ပေါ့ဘာဟာ ယူနိုက်တက်ကနေ အလွတ်နဲ့ထွက်ဖို့ ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်ခဲ့တာပါ။

ယူနိုက်တက်နဲ့ လက်ရှိနွေရာသီမှာ လမ်းခွဲခဲ့တဲ့ ပေါ့ဘာက သူ့ကို တပတ်လုပ်ခ ပေါင် (၃) သိန်းတည်းနဲ့ ကမ်းလှမ်းခဲ့တဲ့ အသင်းရဲ့လုပ်ရပ်ကို ဒေါသထွက်ခဲ့ပြီး ယူနိုက်တက် မှားတယ်ဆိုတာကို သက်သေပြဖို့ ဆန္ဒရှိခဲ့တယ်လို့ ဖွင့်ဟလာပါတယ်။ The Pogmentary လို့အမည်ရတဲ့ သူ့ရဲ့ Documentary မှာ ပေါ့ဘာက ဒီလို ပွင့်ပွင့်လင်းလင်းပြောကြားခဲ့တာပါ။



ဒီ Documentary ကိုတော့ မနက်ဖြန်မှာ စတင်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ယူနိုက်တက်က စာချုပ်သစ် ကမ်းလှမ်းခဲ့တာနဲ့ပတ်သက်လို့ ပေါ့ဘာက “ယူနိုက်တက်က ကျနော့်ကို စာချုပ်သစ်ချုပ်ဖို့ အချိန်ဆိုင်းတာက မှားယွင်းတယ်ဆိုတာကို သက်သေပြဖို့ ကျနော် စဥ်းစားခဲ့တာပါ။ နောက်ပြီးတော့ သူတို့ ကျနော့်ကို စာချုပ်သစ်မချုပ်တာ မှားယွင်းတယ်ဆိုတာကိုလည်း အခြားအသင်းတွေ မြင်အောင် ပြချင်ခဲ့တာပါ” လို့ ဖွင့်ဟခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါဇာတ်လမ်းမှာ ပေါ့ဘာနဲ့ အေးဂျင့်ရွိုင်အိုလာတို့ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုအကြောင်း ပြောကြားနေတာလည်း ပါဝင်ပါတယ်။ ရွိုင်အိုလာဟာ ပြီးခဲ့တဲ့ဧပြီက ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်မှာ ယူနိုက်တက်က တပတ်လုပ်ခ ပေါင် (၃) သိန်းနဲ့ ပေါ့ဘာကို စာချုပ်သစ် ကမ်းလှမ်းခဲ့ပါတယ်။

ဒီအကြောင်းကို ရွိုင်အိုလာက ပေါ့ဘာကို တဆင့်ပြန်အကြောင်းကြားခဲ့ပြီး ပေါ့ဘာက “ခင်ဗျားတို့ သေချာပေါက်လိုချင်နေတဲ့ ကစားသမားကို ဘယ်လိုဖြစ်လို့များ ဘာမဟုတ်တဲ့ ကမ်းလှမ်းမှုနဲ့ ဆွေးနွေးနိုင်ရတာလဲ။ ကျနော် ဒါမျိုးကို တခါမှမမြင်ဖူးဘူး” လို့ အဆိုပါဇာတ်လမ်းထဲမှာ တုံ့ပြန်ထားခဲ့ပါသေးတယ်။

ပေါ့ဘာဟာ နောက်ပိုင်းမှာ ယူနိုက်တက်ပရိသတ်တွေရဲ့ မျက်မုန်းကျိုးခြင်းကိုပါ ခံခဲ့ရပြီး ပွဲကစားချိန်အတွင်း ယူနိုက်တက်ပရိသတ်တွေဟာ ပေါ့ဘာကို ပစ်မှတ်ထားလှောင်ပြောင်ခဲ့ကြပါတယ်။ လက်ရှိအချိန်မှာတော့ ပေါ့ဘာက အသင်းသစ်ကိုမကြေညာရသေးဘဲ အသင်းဟောင်း ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။

Share

Loading Next Article...
က္က