အက်ဖ်အေဖလားဗိုလ်လုပွဲမှာ လီဗာပူးလ်ကို အရေးနိမ့်ခဲ့ပြီးနောက် ချယ်လ်ဆီးကစားသမားမေဆန်မောင့်ရဲ့ ဝင်ဘလေကွင်းကျိန်စာဆိုးကတော့ ဆက်လက်တည်တံ့နေခဲ့ပါတယ်။ အင်္ဂလန်ကြယ်ပွင့်ဟာ ဝင်ဘလေကွင်းမှာ ဗိုလ်လုပွဲစုစုပေါင်း ၆ ကြိမ်အထိ ကစားခဲ့ရာမှာ တပွဲမှ အနိုင်မရခဲ့ဘဲ ဖလား ၆ လုံးအထိ လက်လွှတ်ထားခဲ့ရတာလည်းဖြစ်ပါတယ်။
မနေ့ကဗိုလ်လုပွဲမှာတော့ ဂိုးမရှိသရေကျခဲ့ပြီး အချိန်ပိုမှာလည်း ဂိုးမသွင်းနိုင်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာ မေဆန်မောင့်ကိုယ်တိုင် ပင်နယ်တီလွဲချော်ခဲ့လို့ မာနေးလွဲချော်မှုကို အခွင့်အရေးမယူနိုင်ဘဲ ချယ်လ်ဆီးတို့အရေးနိမ့်ခဲ့ကာ ကာရာဘောင်းဖလားနဲ့ အက်ဖ်အေဖလားတို့ကို လီဗာပူးလ်ဆီကို ထိုးအပ်ခဲ့ရတဲ့ ဘောလုံးရာသီဖြစ်လာခဲ့ပါတယ်။
မေဆန်မောင့်ကတော့ ၂၀၁၉ ကာရာဘောင်ဖလား၊ ၂၀၂၀ အက်ဖ်အေ၊ ၂၀၂၁ အက်ဖ်အေ၊ ၂၀၂၁ ယူရိုဖလား၊ ၂၀၂၂ ကာရာဘောင်ဖလား၊ ၂၀၂၂ အက်ဖ်အေ အစရှိတဲ့ ဗိုလ်လုပွဲကို အရေးနိမ့်ထားခဲ့တာပဲဖြစ်ပါတယ်။ အက်ဖ်အေဖလားဗိုလ်လုပွဲ ၃ ကြိမ်အထိ ပါဝင်ခဲ့ကာ ဒီကစားသမားအတွက်တော့ ဝင်ဘလေကွင်းကြီးက အောင်ပွဲခံခွင့်ပိတ်ပင်ထားသလိုပါပဲ။
ဒီရာသီကာရာဘောင်ဖလားမှာလည်း လီဗာပူးလ်ကိုပဲ ပင်နယ်တီအဆုံးအဖြတ်နဲ့ ချယ်လ်ဆီးက အရေးနိမ့်ခဲ့ပါတယ်။ လီဗာပူးလ်ကတော့ သူတို့ရဲ့ ဆုဖလား ၄ လုံးမျှော်လင့်ချက်ကို အသက်သွင်းထားဆဲဖြစ်ကာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားဖို့ရှိနေပြီး ပရီးမီးယားလိဂ်မှာလည်း မန်စီးတီးခြေချော်ရင် ဆုဖလားကို သိမ်းပိုက်ဖို့ရာ အသင့်ရှိနေတာပါ။