အဝတ်လဲခန်းထဲမှာ မက္ကဆီကိုဂျာစီကို ခြေထောက်နဲ့ကန်ခဲ့တယ်လို့ စွပ်စွဲနေကြတာပါ။

မက္ကဆီကို,ကို အနိုင်ရခဲ့တဲ့ပွဲအပြီး အဝတ်လဲခန်းအတွင်းမှာ အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံနေခဲ့ချိန်မှာ မက်ဆီတယောက် မက္ကဆီကိုအသင်းဂျာစီကို ခြေထောက်နဲ့ ကန်ပစ်ခဲ့တဲ့ ရုပ်သံဖိုင်က ထွက်ပေါ်လာပါတယ်။ ဒီရုပ်သံဖိုင်ထွက်ပေါ်လာမှုနဲ့အတူ မက်ဆီကို ဝေဖန်ပြစ်တင်မှုတွေအများကြီးရှိနေကာ အထူးသဖြင့် မက္ကဆီကိုပရိသတ်တွေက ဒေါသထွက်နေတယ်လို့ သိရပါတယ်။ 

အဆိုပါဗီဒီယိုကို တွေ့ရှိခဲ့ပြီးနောက်မှာ မက္ကဆီကိုရဲ့ နာမည်ကျော်ဘောက်ဆင်တဦးဖြစ်တဲ့ စူပါမစ်ဒယ်ဝိတ်တန်းချန်ပီယံကာနီလိုအယ်လာရက်ဇ်ကလည်း တော်တော်လေးဒေါသထွက်နေကာ သူနဲ့ထိပ်တိုက်မတွေ့ဖို့ ဘုရားမှာဆုတောင်းနေလို့ မက်ဆီကို ကြိမ်းဝါးပြောဆိုခဲ့တဲ့အထိ ဖြစ်လာခဲ့ပါပြီ။ 



အယ်လ်ဗာရက်ဇ်က သူ့ရဲ့ တွစ်တာမှာ "မက်ဆီက ငါတို့အသင်းဂျာစီနဲ့အလံကို အသုံးပြုပြီး ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်နေတာ မင်းတို့မြင်ကြလား။ ငါနဲ့ မတွေ့မိဖို့ ဘုရားမှာသာ မင်းဆုတောင်းနေပေတော့၊ အာဂျင်တီးနားကို ငါလေးစားပါတယ်၊ သူလည်း မက္ကဆီကိုကို လေးစားသင့်တယ်၊ အာဂျင်တီးနားတနိုင်ငံလုံးကို ငါပြောနေတာမဟုတ်ဘူး၊ မက်ဆီလုပ်ခဲ့တဲ့ သောက်ရေးမပါတဲ့လုပ်ရပ်ကိုပြောနေတာ" လို့ ရေးသားခဲ့ပါတယ်။ 

အယ်လ်ဗာရက်ဇ်ရဲ့ ဒီရေးသားမှုကိုတော့ မက်ဆီရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေထဲက တဦးဖြစ်တဲ့ အာဂျင်တီးနားတိုက်စစ်မှူးဟောင်းအဂူရိုက ဝင်တုံ့ပြန်သွားခဲ့ပါတယ်။ အဂူရိုက "ကာနီလိုရေ၊ ဆင်ခြေ ဒါမှမဟုတ် ပြသနာတွေကို မရှာပါနဲ့၊ ဘောလုံးအကြောင်းနဲ့ အဝတ်လဲခန်းထဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ မင်းလည်း သေချာမသိပါဘူး" လို့ ပြန်တုံ့ပြန်ခဲ့ပါတယ်။ 

"ပွဲပြီးချိန်ဆိုရင် ဂျာစီတွေက အမြဲတမ်း ကြမ်းပြင်ပေါ်မှာရှိနေတာပဲ၊ ချွေးတွေထွက်နေကြတာလေ၊ ပြီးတော့ မင်းသာ အမြင်စူးရှမယ်ဆိုရင် ဒါက သူ့ဖိနပ်ကို ချွတ်နေတုန်းမှာ မတော်တဆဖြစ်သွားခဲ့တာ" လို့ အဂူရိုက ထပ်ရေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မက်ဆီဘက်ကတော့ ဘာမှပြောဆိုထားခြင်းမရှိသေးပါဘူး။ 

Share

Loading Next Article...
က္က