တရုတ်တန်းမှာ ငါးဖယ် ကြော်ရောင်းတဲ့ဆိုင်တွေများပေမယ့်လှည်းတန်းမှာတော့ ခုလို ငါးဖယ်ကြော် ဆိုင်ရယ်လို့ တွေ့ရတာမရှိလို့ ဒီဆိုင်လေးကို စရောင်းဖြစ်ခဲ့တာလို့သိရပါတယ်။
စရောင်းဖြစ်ခဲ့တာက
ငါးဖယ်ကြော်ကို တရုတ်တန်းမှာ ရောင်းကြတာများပေမယ့် လှည်းတန်းမှာ ရောင်းသူရှားလို့ စရောင်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အရင်က တရုတ်တန်းမှာ သူငယ်ချင်းတွေနဲ့ စုပေါင်းရောင်းချခဲ့တဲ့ ငါးဖယ်ကြော်ဆိုင် မှာလုပ်ကိုင်ခဲ့တဲ့ ဆိုင်ရှင် က အိမ်ထောင်ကျပြီးနောက်မှာ ကိုယ်ပိုင်ဆိုင်လေးအဖြစ် ဇနီးဖြစ်သူနဲ့ တက်ညီလက်ညီစတင် ရောင်းချဖြစ်ခဲ့တဲ့ လှည်းတန်း ရဲ့ ပထမဆုံး ငါးဖယ်ကြော်ဆိုင်လေး ကိုဖွင့်ဖြစ်ခဲ့တာပါ။ဆိုင်ကိုတော့ ဇနီးမောင်နှံနှစ်ဦး အတူဖွင့်ထားတာ ဖြစ်ပြီးဆိုင်ရှင်အကိုက ငါးဖယ်ကြော် ရောင်းတဲ့ အလုပ်တစ်မျိုးတည်းကို တစ်သက်တာလုံး တောက်လျှောက်လုပ်ကိုင်လာခဲ့သူပါ။
ဗန်းလေးနဲ့ခင်းပြီးစရောင်းဖြစ်ခဲ့
ငါးဖယ်ကြော်ကို တရုတ်တန်းမှာတုန်းက သူငယ်ချင်းတွေနဲ့စုပြီးစရောင်းဖြစ်ခဲ့ကာ တရုတ်တန်းက ဆိုင်ပိတ်ပြီး နောက်ပိုင်းမှာတော့ လင်မယားနှစ်တည်း ခွဲထွက်ကာ လှည်းတန်းမှာ ဆိုင်လေးခင်းပြီး ကြော်ပြီးသား ငါးဖယ်ကြော် တွေကိုပဲ စရောင်းခဲ့ကြတာဖြစ်ပါတယ်။စရောင်းခဲ့တုန်းက ကြော်ရင်းနဲ့ရောင်းတာမျိုး မဟုတ်ဘဲနဲ့ ကြော်ပြီးသားကိုဗန်းလေးနဲ့ခင်းပြီးရောင်းပေးတာဖြစ်လို့ စားသုံးသူတွေက မပူမှာ ၊အေးနေတာမျိုး သိပ်မကြိုက်ကြတဲ့အတွက် နောက်ပိုင်းမှာတော့ တစ်ခါတည်း ကြော်ပေးပြီး ရောင်းပေးဖြစ်တယ် လို့ဆိုင်ရှင်အစ်မက ပြောပြပါတယ်။
ငါးဖယ်လုံး ၊ငါးဖယ်ချောင်း
ရောင်းစက တစ်နေ့ကို (၉၀၀၀)ပဲ ရောင်းပြီး ပြန်ရတဲ့နေ့တွေ ရှိခဲ့ဖူးပေမယ့် အခုဆို အတော်လေးရောင်းကောင်းနေပါပြီ။အရင်က ငါးဖယ်လုံးဆို ၁၅ လုံးတစ်ထောင်နဲ့ ရောင်းပေမယ့် ငါးဈေးကြီးလာတာလို့ အလုံးအရွယ်အစားကို ပိုကြီးပြီး အလုံးရေတော့ လျှော့လိုက်ရတယ်လို့ ဆိုင်ရှင်က ပြောပြပါတယ်။Royal တရုတ်တန်းငါးဖယ်ကြော်ဆိုင်မှာ ငါးဖယ်လုံး ၊ငါးဖယ်ချောင်း ဆိုပြီး နှစ်မျိုး ရောင်းချနေတာပါ။ အချိုမှုန့်အစား ကြက်သားမှုန့် သုံးပြီး လုပ်တာပါ။ ဆိုင်ရှေ့က ဖြတ်သွားသူတွေက အနည်းငယ် စမ်းဝယ်စားကြည့်ရင်း အရသာကောင်းလို့ လှည့်ပြန်လာပြီး အများကြီး ဝယ်သွားလေ့ရှိကြပါတယ်။
လိပ်စာ
အခုလိုဈေးနဲ့ရောင်းတာ အမြတ်နည်းပေမယ့် ရေရှည်စားသုံးသူတွေအတွက် ရည်ရွယ်ပြီး ရောင်းပေးတာပါ။ စားဖူးသူတိုင်း အရသာကောင်းတယ်လို့ ပြန်ညွှန်းကြတဲ့ Royal ငါးဖယ်ကြော်ဆိုင်ရဲ့လိပ်စာကတော့ လှည်းတန်းစိန်ဂေဟာအနီး၊ လှည်းတန်းလမ်းမပေါ်မှာရှိပါတယ်။