ဟာလန်းက အကြံဉာဏ်တောင်းချိန်မှာ ပြောပြခဲ့တာပါ။

အာဆင်နယ်တိုက်စစ်မှူးဟောင်း သီယာရီအွန်နရီက မန်စီးတီးတိုက်စစ်မှူးဟာလန်းအနေနဲ့ သူ ပြောသလိုသာ ကြိုးစားမယ်ဆိုရင် တပတ်ကို ဂိုး ၁၀၀ လောက်အထိ ရနိုင်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ ဟာလန်းက သူ့အတွက် အကြံဉာဏ်ပေးဖို့ အွန်နရီကို မေးမြန်းခဲ့ပါတယ်။ 

ဟာလန်းနဲ့ အွန်နရီတို့ဟာ မကြာခဏဆိုသလို ကွင်းအတွင်းမှာ တွေ့ဆုံကြလေ့ရှိသူတွေဖြစ်လို့ ရင်းနှီးနေကြတာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အွန်နရီလည်း အားပေးခဲ့ပြီး ပွဲအပြီးမှာ နော်ဝေတိုက်စစ်မှူးနဲ့ တွေ့ဆုံစကားပြောခဲ့တာ ဖြစ်ပါတယ်။ 

ဟာလန်းက အကြံဉာဏ်ပေးပါလို့ ပြောဆိုခဲ့ချိန်မှာ အွန်နရီက "မင်းအနေနဲ့ ဘယ်ခြေနဲ့ လုပ်ပြနေသလိုမျိုးကို ညာခြေနဲ့ လုပ်ပြနိုင်ရင် ပွဲပြီးပြီ၊ တပတ်ကို ဂိုး ၁၀၀ လောက်တောင် သွင်းနိုင်လိမ့်မယ်" လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ 

ဟာလန်းဟာ မန်စီးတီးအတွက် ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၅၂ ဂိုးအထိ သွင်းယူခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု၊ ချန်ပီယံလိဂ်ဂိုးသွင်းဘုရင်ဖြစ်ခဲ့ကာ အသင်းနဲ့လည်း ဖလားသုံးလုံးဆွတ်ခူးနိင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်တနှစ်တာအကောင်းဆုံးကစားသမား/လူငယ်ကစားသမားဆုတွေကိုလည်း သူပဲ သိမ်းကျုံးရယူနိုင်ခဲ့ပါတယ်။ 


Share

Loading Next Article...
က္က