ရွန်းနီနဲ့ရော်နယ်ဒို စကားလုံးတိုက်ပွဲတွေ ဆင်နွှဲနေကြတာပါ။

ဒါဘီနည်းပြ ရွန်းနီက ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ ပြန်လည်တုံ့ပြန်လာတဲ့ ရော်နယ်ဒိုကို ထပ်မံထိုးနှက်ခဲ့တယ်လို့ သိရှိရပါတယ်။ ရွန်းနီနဲ့ကာရေဂါတို့ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ Monday Night Football အစီအစဥ်မှာ ရော်နယ်ဒိုကို ဝေဖန်ခဲ့ကြပါတယ်။



ဒီလိုမျိုး ဝေဖန်မှုတွေအပေါ် ရော်နယ်ဒိုက ရွန်းနီရဲ့အင်စတာဂရမ်ပို့စ်အောက်မှာ “မနာလိုဖြစ်နေတဲ့နှစ်ယောက်လား?” လို့ ပြန်လည်တုံ့ပြန်ရေးသားခဲ့ပါတယ်။ အဲ့ဒီလိုမျိုး ရော်နယ်ဒိုရဲ့ တုံ့ပြန်မှုက ဒီကနေ့ ဘောလုံးပရိသတ်တွေအကြားမှာ ရေပန်းစားနေပြီး အခုနောက်ဆုံးအနေနဲ့ ရွန်းနီကပါ ရော်နယ်ဒိုကို မခံချိမခံသာဖြစ်အောင် ထပ်မံထိုးနှက်ခဲ့ပြန်ပါတယ်။

ရွန်းနီက “ကလေးဆန်လိုက်တာကွာ။ ဒီကောင် (ရော်နယ်ဒို) က ဘယ်လိုဝေဖန်မှုမျိုးကိုမှ မခံစားနိုင်ပါဘူး။ ငါ့စိတ်ထဲရှိတာတွေသာ အမှန်တိုင်းထပ်ပြောလိုက်ရင် သူတော့ ဂျော်ဂျီနာဆီ ပြေးသွားပြီး ငိုနေလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။ ရွန်းနီရဲ့ တုံ့ပြန်မှုကတော့ ပရိသတ်တွေကပါ ပါးစပ်အဟောင်းသားဖြစ်ခဲ့ရပါတယ်။

ရော်နယ်ဒိုနဲ့ရွန်းနီတို့နှစ်ယောက်ဟာ ရော်နယ်ဒိုရဲ့ ယူနိုက်တက် ကစားသမားဘဝ ပထမအကြိမ်တည်းက ကွင်းတွင်း၊ ကွင်းပြင် မိတ်ဆွေကောင်းတွေဖြစ်ခဲ့ကြပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ရော်နယ်ဒို မန်စီးတီးကို ပြောင်းဖို့ သတင်းတွေထွက်နေတုန်းကလည်း ရော်နယ်ဒိုကို စည်းရုံးခဲ့ကြတဲ့ ယူနိုက်တက်ဘက်တော်သားဟောင်းတွေထဲမှာ ရွန်းနီ ပါဝင်တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အခုတခါမှာတော့ သူတို့နှစ်ယောက်ကြား စကားစစ်ပွဲက တော်တော်ပြင်းထန်လာခဲ့ပြီး ဒါက နှစ်ယောက်သား စနောက်နေတာပဲလား ဒါမှမဟုတ် တကယ်ပဲ မိတ်ပျက်ဆွေပျက်ဖြစ်ရလောက်အောင်အထိ ပြင်းထန်လာဦးမလား ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။ 

Share

Loading Next Article...
က္က