အန်တိုနီရဲ့ အားနည်းချက်တွေကို ထောက်ပြကာ ပြောဆိုသွားခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း အင်ဒီကိုးလ်က သူသာ ယူနိုက်တက်မှာ အန်တိုနီနဲ့ တွဲဖက်ကစားနေရမယ်ဆိုရင် အသင်းဖော်ရဲ့ ဆံပင်ကို ဆောင့်ဆွဲမိလိမ့်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ အန်တိုနီဟာ သူ အားမသန်တဲ့ ညာခြေထောက်နဲ့ ဖြတ်တင်ဘောတွေ ပြုလုပ်ပေးနိုင်သူမဟုတ်ဘဲ ကန်တင်ပေးဖို့အတွက်ဆိုရင် ဘယ်ခြေကိုပဲ အသုံးပြုနေရတာကြောင့် တွဲဖက်တိုက်စစ်မှူးအတွက် အခက်အခဲတွေရှိနေတယ်လို့ အင်ဒီကိုးလ်က ပြောဆိုခဲ့ပါတယ်။ 

အန်တိုနီကတော့ သူ့အတွက် ပထမဆုံး ပရီးမီးယားလိဂ်ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။ အသက် ၂၃ နှစ်အရွယ် ဘရာဇီးလ်သားဟာ ယူနိုက်တက် ညာတောင်ပံမှာ ပုံမှန်ကစားခွင့်ရနေပေမယ့် ထိရောက်တဲ့ အခွင့်အရေးလုပ်ပေးမှုတွေ၊ ဂိုးဖန်တီးမှုတွေ နည်းပါးနေလို့လည်း ဝေဖန်ခံနေရတာဖြစ်ပါတယ်။ 

"ယူနိုက်တက်မှာ ကျနော် တိုက်စစ်မှူးအနေနဲ့ ကစားနေဦးမယ်ဆိုရင် ညာတောင်ပံမှာ အန်တိုနီကစားနေတာကို မြင်ရလိမ့်မယ်၊ သူအားမသန်တဲ့ ညာခြေနဲ့ ဖြတ်တင်ဘောတွေ ကျန​ော့်ဆီ တလုံးမှရောက်မှာလည်းမဟုတ်ဘူး၊ သူ့ ဆံပင်ကို ဆွဲပါ ဆောင့်ပစ်မိလိမ့်မယ်၊ ကျနော်က ဧရိယာထဲ ပြေးဝင်နေလည်း ဘာမှမျှော်လင့်လို့ မရဘူး၊ ဘာလို့လဲဆိုတော့ သူက ဘယ်ခြေနဲ့ ခုတ်တင်ဖို့ကိုပ​ြ အမြဲလုပ်နေတာ"

"အခုကစားပွဲတွေက ပြောင်းလဲနေပါပြီ၊ နည်းပြတွေရဲ့ တောင်ပံကစားသမားတွေဆီက လိုချင်တဲ့ပုံစံကလည်း အရင်ကနဲ့မတူတော့ပါဘူး၊ သူ့ရဲ့ ပထမဆုံးပရီးမီးယားလိဂ်ရာသီက ခက်ခဲနေပါတယ်၊ သူ့ ခြေထောက်တွေကို သူ ရှာတွေ့ပေမယ့် ပရီးမီးယားလိဂ်က ဒီလောက်ထိ ခက်ခဲမယ်လို့ ကျနော်ကတော့ မထင်ဘူး၊ အခု သူနဲ့ ရင်ဆိုင်နေရတဲ့ နောက်ခံလူတွေက သူ ဘယ်ခြေနဲ့ပဲ တခုခုလုပ်မယ်ဆိုတာကို သိနေကြတော့ သူတို့အတွက် ဘာမှ အံ့အားသင့်စရာမရှိဘူးဆိုတာကို သဘောပေါက်နေကြပြီ" လို့ အင်ဒီကိုးလ်က ပြောဆိုသွားခဲ့ပါတယ်။ 


အန်တိုနီကတော့ ယူနိုက်တက်အတွက် ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၇ ဂိုးရရှိထားပြီး ဖန်တီးမှု ၁ ကြိမ်ပြုလုပ်ပေးထားနိုင်ပါတယ်။ 


Share

Loading Next Article...
က္က