ယူနိုက်တက်မှာ တိုက်စစ်မှူးမှမဟုတ်ဘူး၊ အကုန်တိုင်ပတ်နေတာပါတဲ့။

ယူနိုက်တက်ဂန္တဝင် တိုက်စစ်မှူးဟောင်းကြီး ဒွိုက်ယော့ခ်က သူသာဆိုရင် လက်ရှိ ယူနိုက်တက်နည်းပြ တန်ဟက်ခ်ရဲ့အသင်းမှာ မကစားဘူးလို့ ဝေဖန်ပြောကြားလိုက်ပါတယ်။ တန်ဟက်ခ်လက်ထက် ယူနိုက်တက်က အခြေအနေဆိုးတွေနဲ့ ဆက်တိုက်ကြုံတွေ့နေရတာပါ။



ပြီးခဲ့တဲ့ရာသီ တန်ဟက်ခ်ရဲ့ ပထမဆုံးရာသီမှာ ယူနိုက်တက်တို့ ကာရာဘောင်ဖလားတစ်လုံး ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ အသင်းက ဖလားလက်မဲ့ဖြစ်ခဲ့ပြီး လာမယ့်ရာသီ ဥရောပဝင်ခွင့်အတွက်တောင် မသေချာမရေရာဖြစ်နေပါတယ်။

ဒါ့အပြင် လတ်တလော အသင်းရဲ့ကွင်းတွင်း၊ ကွင်းပြင် အခြေအနေတွေကလည်း ဆိုးရွားလွန်းနေပြီး ယူနိုက်တက်အတွက် ဖိအားတွေ တော်တော်လေး များပြားနေတာပါ။ ဒွိုက်ယော့ခ်က “ကျွနတော့်အထင် လူတွေက သူတို့ ယူနိုက်တက်မှာ ကစားချင်တယ်ဆိုပြီး တစ်စက္ကန့်လောက် စိတ်ကူးယဉ်ကြမှာပဲ”

“ဒါပေမယ့် ဒီအသင်းက ခင်ဗျားတို့၊ ကျွန်တော်တို့ သိခဲ့တဲ့ အသင်းမဟုတ်တော့ပါဘူး။ ယူနိုက်တက်က ခင်ဗျားတို့အတွက် ဟုတ်သေးရဲ့လား? အခုဆိုရင် ကစားသမားတွေကလည်း ယူနိုက်တက်ကို ပြောင်းလာဖို့ မသေချာဘူးလို့ တွေးနေကြမှာပါ။ ဒါက ကောင်းမွန်တဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ အခုနေ တိုက်စစ်မှူးနေရာမှာ ကစားမလားဆိုရင် ကျွန်တော်သာဆိုရင်လည်း မကစားချင်ပါဘူး”​

“ဒီအသင်းက ဖန်တီးနိုင်စွမ်း၊ စိတ်ဓာတ်ပိုင်း အရာအားလုံးပျောက်ဆုံးနေပြီး အသင်းနဲ့ ပတ်သက်လို့ အဆိုးမြင်ဝါဒတွေပဲရှိပါတယ်။ ခင်ဗျားသာ ယူနိုက်တက်ကစားသမားဆိုရင် ဒါက တော်တော်ဆိုးတဲ့ အခြေအနေပါ။ တိုက်စစ်မှူးမှမဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က