ယူနိုက်တက်ကတော့ ကစားသမားခေါ်မယ်ဆိုရင် အရာရာနဲ့ အကြောင်းကြောင်းကို ဖြစ်နေခဲ့တာပါ။

ယူနိုက်တက်ဟာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ မျှော်လင့်ချက်နည်းပါးသွားခဲ့ပြီး စပါးဘက်ကလည်း သူတို့ရဲ့ အဓိကတိုက်စစ်မှူးကို လက်လွှတ်လိုခြင်းမရှိကြောင်း သိရှိရပါတယ်။ လာမယ့်နွေရာသီမှာ ယူနိုက်တက်တို့ အထောင်တိုက်စစ်မှူးတစ်ယောက်ကို မဖြစ်မနေ ခေါ်ယူအားဖြည့်ဖို့ လိုအပ်နေပါတယ်။



အဲ့ဒါကြောင့် ယူနိုက်တက်တို့ သူတို့ရဲ့ ကာလရှည်ပစ်မှတ်ဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင် ဟယ်ရီကိန်းကို ပစ်မှတ်ထားနေကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ယူနိုက်တက်တို့ရဲ့ မျှော်လင့်ချက်တွေက စပါး ဥက္ကဌ လီဗိုင်းရဲ့ ခံယူချက်တွေကြောင့် တော်တော်လေး ဖြစ်နိုင်ခြေနည်းပါးသွားခဲ့ပါပြီ။

ဟယ်ရီကိန်းဟာ အရင်ကတည်းက ယူနိုက်တက် မဟုတ်ရင် မန်စီးတီးကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် လီဗိုင်းကတော့ သူ့ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) ရရှိခဲ့သည်တိုင် လက်လွှတ်ခဲ့ခြင်း မရှိပါဘူး။ လက်ရှိအချိန်မှာလည်း ယူနိုက်တက်တို့ ဟယ်ရီကိန်းကို ခေါ်ယူလိုတယ်ဆိုရင် လီဗိုင်းက သူ့ကို သတ်နိုင်မှ ရမယ်ဆိုပြီး ပြောကြားခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်ကတော့ ဟယ်ရီကိန်းကို ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ချင်ပေမယ့် ယူနိုက်တက် တာဝန်ရှိသူတွေကတော့ ဒီကစားသမားတစ်ယောက်တည်းအတွက် နွေရာသီ အပြောင်းအရွှေ့မှာ အချိန်ကုန်ဆုံးသွားမှာကို မလိုလားပါဘူး။ လီဗိုင်းကတော့ ဒီစကားကို စသလိုလို၊ နောက်သလိုလို ပြောခဲ့တာဖြစ်ပေမယ့် လက်တွေ့မှာလည်း ယူနိုက်တက်တို့ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ခက်ခဲနိုင်ပါတယ်။

ယူနိုက်တက်ဟာ အပြောင်းအရွှေ့ရာသီရောက်တိုင်း နာမည်ကျော် ကစားသမားအများစုနဲ့ သတင်းထွက်လေ့ရှိတဲ့ အသင်းတစ်သင်းပါ။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်ဆိုတာနဲ့ တစ်ဖက်အသင်းတွေက စျေးကိုင်တာ၊ စျေးကွက်ပေါက်ကြေးထက် ပိုမိုတောင်းဆိုတာတွေနဲ့ ရင်ဆိုင်ရလေ့ရှိပြီး ကစားသမားတစ်ယောက်၊ တစ်ယောက် ခေါ်ယူဖို့ ‌တော်တော်လေး ခက်ခဲခဲ့တာကိုလည်း ပရိသတ်အားလုံး မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က