ကစားသမားအတွက်တော့ ဒေါသထွက်စရာပါပဲ။

အသင်းကနေ မက်ဆီထွက်ခွာဖို့အတွက် သေချာသလောက်ဖြစ်နေချိန်မှာပဲ ပီအက်စ်ဂျီပရိသတ်တွေဟာ နေမာရဲ့ အိမ်ရှေ့မှာ စုရုံးခဲ့ကြကာ အသင်းကနေ ထွက်ခွာသွားဖို့အတွက် အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်။ ဒါဟာ ပြင်သစ်ကလပ်ကနေ နာမည်ကျော်ကစားသမားနှစ်ဦးစလုံး တပြိုင်နက်တည်းထွက်ခွာသွားနိုင်တဲ့ အခြေအေနကို မြင်တွေ့နေရတာလည်းဖြစ်ပါတယ်။ 

ဗုဒ္ဓဟူးနေ့မှာ ပီအက်စ်ဂျီပရိသတ်တွေက အသင်းရုံးချုပ်အပြင်ဘက်မှာ စုဝေးခဲ့ကြပြိး ဘုတ်အဖွဲ့နုတ်ထွက်ဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။ အဆိုပါလှုပ်ရှားမှုကို Ultras ဆိုတဲ့ ပီအက်စ်ဂျီပရိသတ်အဖွဲ့က ဦးဆောင်ခဲ့ပြီး ဒီလိုစုရုံးဆန္ဒပြမှုမှာ မက်ဆီ၊ နေမာနဲ့ ဗာရက်တီတို့ ၃ ဦးကိုလည်း အဓိကပစ်မှတ်ထားကာ ဝေဖန်တိုက်ခိုက်ခဲ့ကြပါတယ်။ 



ဒီနောက်မှာတော့ နေမာရဲ့ အိမ်ရှေ့ကို သွားရောက်ခဲ့ပြီး အသင်းပြောင်းသွားဖို့အတွက် အော်ဟစ်ခဲ့ကြပါတယ်။ နေမာကတော့ ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပြီး သူ့ရဲ့ အိမ်မှာ ရှိ၊မရှိဆိုတာကို အတည်မပြုနိုင်သေးပါဘူး။ ဒါပေမယ့် ပရိသတ်တွေရဲ့ လုပ်ရပ်ကတော့ သူ့အတွက် စိတ်အေနှာင့်အယှက်ဖြစ်စရာကောင်းခဲ့မှာတော့ သေချာပါတယ်။ 



နေမာဟာ ပီအက်စ်ဂျီကို ကမ္ဘာ့စံချိန်တင်ပြောငင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ အသင်းအတွက် သူက ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် ဘောလုံးရာသီတိုင်းမှာ ဒဏ်ရာပြသနာတွေရှိနေခဲ့ကာ အရေးကြီးပွဲစဉ်တွေကို လွဲချော်ခဲ့ရသလို ဥရောပအောင်မြင်မှုကိုလည်း ရယူပေးနိုင်ခဲ့ခြင်းမရှိပါဘူး။ 

လက်ရှိရာသီမှာလည်း အသင်းက ရာသီကုန်ခါနီးမှာ ဆက်တိုက်ရလဒ်တွေကျဆင်းနေခဲ့ပြီး အမှတ်ပေးဖလားရယူဖို့ကိုတောင် ရုန်းကန်ရမှာမို့ ပရိသတ်တွေက ကစားသမားတွေကို ပစ်မှတ်ထားလာတယ်လို့ ယူဆရပါတယ်။ နေမာနဲ့ မက်ဆီပါ တပြိုင်တည်းထွက်ခွာမယ်ဆိုရင်တော့ ဒါဟာ ဘောလုံးလောကမှာ မကြုံစဖူးတဲ့ ကစားသမားထွက်ခွာမှုမျိုး ဖြစ်ပေါ်လာမှာပါ။ 

Share

Loading Next Article...
က္က