မနေ့ညက ကစားခဲ့တဲ့ ပိုလန်နဲ့ နယ်သာလန်ပွဲမှာ နယ်သာလန်အတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးကြီး ဝက်ဟော့စ်ကြီးရဲ့ အောင်ပွဲခံဟန်နဲ့ပတ်သက်လို့ ပရိသတ်တွေက ချီးကျူးနေကြပါတယ်။ ဒီပွဲမှာ ပိုလန်ကို နယ်သာလန်တို့ ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။



နယ်သာလန်အတွက် အုပ်စုအဖွင့်ပွဲဖြစ်ခဲ့တဲ့ အဆိုပါပွဲမှာ ပိုလန်က ဦးဆောင်ဂိုး စတင်ရရှိခဲ့တာဖြစ်ပါတယ်။ ပိုလန်အတွက် ဦးဆောင်ဂိုးကို ဘတ်ဆာက သွင်းယူပေးခဲ့တာဖြစ်ပြီး နယ်သာလန်အတွက် ချေပဂိုးကို ဂတ်ခ်ပိုက သွင်းယူပေးခဲ့တာပါ။

အဲ့ဒီနောက် ဒုတိယပိုင်း ပွဲပြီးခါနီးမှာမှ နယ်သာလန်တို့ အနိုင်ဂိုးရရှိခဲ့တာဖြစ်ပါတယ်။ နယ်သာလန်အတွက် အနိုင်ဂိုးကို လူစားဝင်တိုက်စစ်မှူးကြီး ဝက်ဟော့စ်က သွင်းယူပေးခဲ့တာပါ။

ဝက်ဟော့စ်ဟာ ပွဲကစားချိန် (၈၁) မိနစ်မှ လူစားဝင်လာခဲ့တာဖြစ်ပြီး ပွဲကစားချိန် (၈၃) မိနစ်မှာ နယ်သာလန်အတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဝက်ဟော့စ်အတွက် ပထမဆုံး ဘောလုံးထိချက်လည်း ဖြစ်ခဲ့ပြီး ဒီထိချက်ကတစ်ဆင့် ဝက်ဟော့စ်က အနိုင်ဂိုး သွင်းနိုင်ခဲ့တာပါ။

ဒီဂိုးသွင်းအပြီး ဝက်ဟော့စ်က နယ်သာလန်ပရိသတ်တွေနဲ့အတူ စိတ်အားထက်သန်မှုအပြည့်နဲ့ အောင်ပွဲခံခဲ့ပြီး ပရိသတ်တွေကလည်း ဒီဘဲကြီးရဲ့ အောင်ပွဲခံဟန်ကို သဘောကျနေကြတာပါ။ ဝက်ဟော့စ်ဟာ ပြီးခဲ့တဲ့ ကာတာကမ္ဘာ့ဖလားမှာလည်း နယ်သာလန်အတွက် အခုလိုမျိုး အရေးပါတဲ့ သွင်းဂိုးကို သွင်းယူပေးခဲ့ဖူးပြီး အခု ယူရိုမှာပါ အသင်းအတွက် အကျိုးပြုနေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က