မက်ဆီကို ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ရွေးချယ်ခေါ်ယူခဲ့လို့ပါ။

အသက် ၃၄ နှစ်အရွယ် မက်ဆီဟာ ကလပ်အသင်းရဲ့ နောက်ဆုံးပွဲစဉ် ၂ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ရသူဖြစ်ပြီး ဒူးဒဏ်ရာနဲ့ တံကောက်ကြောဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ 


ဘရာဇီးလ်၊ ဥရုဂွေးတို့နဲ့ကစားရမယ့် အာဂျင်တီးနားအသင်းရဲ့ ပွဲစဉ်တွေအတွက် မက်ဆီကို​ ရွေးချယ်ခေါ်ယူခဲ့တဲ့အပေါ်မှာ ပီအက်စ်ဂျီအသင်းရဲ့ အားကစားဒါရိုက်တာလီယိုနာဒိုက ဒေါသထွက်နေခဲ့ပြီး သူ့ရဲ့အမျက်ဒေါသကို အားလုံးသိအောင်လည်း ထုတ်ဖော်ပြသလိုက်ပါတယ်။ အသက် ၃၄ နှစ်အရွယ် မက်ဆီဟာ ကလပ်အသင်းရဲ့ နောက်ဆုံးပွဲစဉ် ၂ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ရသူဖြစ်ပြီး ဒူးဒဏ်ရာနဲ့ တံကောက်ကြောဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ 



အာဂျင်တီးနားအသင်းခေါင်းဆောင်ဖြစ်ပြီး ဒီနှစ်ထဲမှာ လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြနေတဲ့ မက်ဆီကို ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ မက်ဆီနဲ့ ပီအက်စ်ဂျီတို့ရဲ့စာချုပ်ထဲမှာ ကလပ်အသင်းထက် နိုင်ငံအသင်းကိုဦးစားပေးမယ်ဆိုတဲ့ သဘောတူညီချက်ပါဝင်ထားပေမယ့် လီယိုနာဒိုကတော့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး တော်တော်လေးပေါက်ကွဲခဲ့ကာ ကလပ်အတွက် မကစားပေးနိုင်သူကို ခေါ်ယူသွားခဲ့တယ်ဆိုကာ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ 

"ရွေးချယ်တယ်ဆိုတာလေးနဲ့ ကစားသမားကို ခွင့်ပြုလိုက်ဖို့ ကျွန်တော်တို့သဘောမတူပါဘူး၊ ကျွန်တော်တို့အတွက် မက်ဆီက ရုပ်ပိုင်းဆိုင်ရာအရ ဒါမှမဟုတ် ပြန်လည်ထူထောင်ရေးအဆင့်မှာ ရှိနေသူမဟုတ်ပါဘူး၊ ဒီလိုကစားသမားကို ရွေးချယ်တာကို ခွင့်မပြုနိုင်၊ သဘောမတူနိုင်ပါဘူး၊ ဒါက ကျိုးကြောင်းဆီလျော်မှုလည်းမရှိသလို ဒီလိုအခြေအနေမျိုးမှာ ဖီဖာရဲ့ အမှန်တကယ် သဘောတူညီမှုရှိလားဆိုတာနဲ့ပဲ ထိုက်တန်ပါတယ်" လို့ လီယိုနာဒိုက ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။

မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ ၈ ပွဲသာ ကစားပေးထားရသေးပြီး သွင်းဂိုးကလည်း ချန်ပီယံလိဂ် ၃ ဂိုးသာ ရရှိထားသေးတာဖြစ်ပါတယ်။ ပီအက်စ်ဂျီက လီဂူးဝမ်း ၁၂ ပွဲကစားအပြီးမှာ ရမှတ် ၃၁ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့ရာမှာ မက်ဆီလွဲချော်ခဲ့တဲ့ပွဲတွေရှိနေခဲ့ပြီး သွင်းဂိုးလည်း ကင်းမဲ့နေခဲ့ပါတယ်။ ဒဏ်ရာပြသနာကြောင့် မက်ဆီကို လူစားလဲလှယ်ပြီး သတိထားအသုံးပြုနေရချိန်မှာ အာဂျင်တီးနားဘက်က ခေါ်ယူခဲ့မှုက ကလပ်အသင်းကို အမျက်ထွက်စေခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က