ရော်နယ်ဒိုပြောခဲ့ဖူးတဲ့စကားအတိုင်း ပြန်လည်ပြောဆိုပြီး ချီးကျူးသွားခဲ့တာပါ။

ပေါ်တူဂီတိုက်စစ်မှူးခရစ္စတီယာနိုရော်နယ်ဒိုကစားနေတဲ့ ဆော်ဒီကလပ် အယ်လ်နာဆာဟာ သူတို့ကစားသမားရဲ့ ပြီးခဲ့တဲ့ နိုင်ငံတကာပွဲတွေမှာ ရရှိခဲ့တဲ့ စံချိန်တွေအတွက် ဂုဏ်ပြုမှုတ​ွေလုပ်သွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၂၄ ယူရိုခြေစစ်ပွဲအဖြစ် ပေါ်တူဂီအတွက် ၂ပွဲကစားပေးခဲ့ရာမှာ စံချိန်မှတ်တမ်းကောင်းတွေ ထပ်မံပိုင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

အဆိုပါ ၂ပွဲမှာ ရော်နယ်ဒိုက ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး နိုင်ငံတကာပွဲအများဆုံးကစားသူအဖြစ်နဲ့ စံချိန်တင်နိုင်ခဲ့သလို ဘောလုံးသမိုင်းတလျှောက် ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ်နဲ့ပါ မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ နိုင်ငံတကာသွင်းဂိုးကလည်း ၁၂၂ ဂိုးအထိ ရှိလာခဲ့ပြီး လိုက်မီနိုင်ဖို့ မလွယ်ကူတော့တဲ့ အရေအတွက်ကို ရောက်ရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ 



ရော်နယ်ဒိုခြေစွမ်းပြအပြီးမှာတော့ အယ်လ်နာဆာက သူတို့ရဲ့ တွစ်တာကတဆင့် "နိုင်ငံတကာပွဲ အများဆုံးကစားထားတဲ့သူ (၁၉၈ပွဲ)၊ ဘောလုံးသမိုင်းမှာ ဂီုးအများဆုံးသွင်းထားသူ (၈၃၂ဂိုး)၊ သူက စံချိန်တွေနောက်ကို လိုက်နေတာမဟုတ်ဘူး၊ စံချိန်တွေက သူ့နောက်ကို လိုက်နေတာ" လို့ ရေးသားကာ ဂုဏ်ပြုချီးကျူးခဲ့ပါတယ်။ 

မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီးနောက် ရော်နယ်ဒိုဟာ အယ်လ်နာဆာကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး လက်ရှိမှာ ၁၀ ပွဲကစားပေးထားကာ ၉ ဂိုးသွင်း၊ ၂ကြိမ်ဖန်တီးပေးထားပါတယ်။ အသက် ၃၈ နှစ်အရွယ် ရော်နယ်ဒိုကို ဆော်ဒီလိဂ်အပေါ် လူသိများလာအောင်၊ ဆော်ဒီလိဂ်ပွဲတွေကို နိုင်ငံတကာမှာ ထုတ်လွှင့်ပြသနေမှုတွေမှာ အကျိုးသက်ရောက်မှုကြီးမားခဲ့လို့ ဆော်ဒီအားကစားဝန်ကြီးကိုယ်တိုင်ကလည်း ချီးကျူးခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က