အာနိုးလ်ကို အကန်ဂျီက ပြန်လည်ထိုးနှက်ခဲ့တာပါ။

မန်စီးတီးနောက်ခံလူ အကန်ဂျီကတော့ မန်စီးတီးနဲ့ လီဗာပူးတို့ရဲ့ ပထမအကျော့မှာ အာနိုးလ်ပြောဆိုခဲ့တဲ့ စကားတွေနဲ့ ပတ်သက်လို့ ပြန်လည်ထိုးနှက်လာခဲ့ပါတယ်။ ဒီနှစ်သင်းက ဒီရာသီ ပရီးမီးယားလိဂ် ထိပ်တိုက်တွေ့ဆုံမှုမှာ နှစ်ကျော့စလုံး တစ်ဂိုးစီ သရေကျခဲ့ပါတယ်။



ပထမအကျော့မှာ အာနိုးလ်က ဆုဖလားတွေဟာ မန်စီးတီးပရိသတ်တွေထက် လီဗာပူးပရိသတ်တွေအတွက် ပိုမိုအဓိပ္ပာယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီစကားက လီဗာပူးနဲ့ မန်စီးတီးအကြား ရိုက်ခတ်မှုကြီးမားခဲ့ပြီး ဒုတိယအကျော့ပွဲမတိုင်ခင်တုန်းက အဓိကပြောစရာအဖြစ်ရှိခဲ့ပါတယ်။

ဒါပေမယ့် လီဗာပူးကွင်းမှာ တစ်ဂိုးစီ သရေကျခဲ့တဲ့ ဒုတိယအကျော့မှာလည်း အာနိုးလ်က ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။ အကန်ဂျီကတော့ “အာနိုးလ်ပြောခဲ့တဲ့ စကားတွေလား? သူ ဘာကြောင့် ဒီလိုမျိုးပြောခဲ့လဲဆိုတာ ကျွန်တော် မသိပါဘူး။ သူက ဝင်တောင် မကစားခဲ့ဘူးလေ။ သူ့အနေနဲ့လည်း ဒါမျိုး ပြောလို့ မရပါဘူး”

“ဘာကြောင့်လဲဆိုတော့ သူတို့က ပွဲကိုတောင် အနိုင်ကစားနိုင်ခဲ့တာ မဟုတ်ဘူးလေ။ ကျွန်တော် ပြောနိုင်တာကတော့ ဒါပါပဲ။ တကယ်လို့ သူတို့က ကျွန်တော်တို့လိုမျိုး တစ်နှစ်အတွင်း ဖလားသုံးလုံး ဒါမှမဟုတ် ငါးလုံးရခဲ့တယ်ဆိုရင် သူ ပြောချင်တာကို ပြောခွင့်ရှိပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို သမိုင်းဝင်ဆွတ်ခူးနိုင်ခဲ့ပြီး ကလပ်ကမ္ဘာ့ဖလားချန်ပီယံ၊​ ဥရောပစူပါဖလားတို့ကို ဒီရာသီအစောပိုင်းမှာ ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က