လီဂူးမှာ သွင်းဂိုး ၂ ဂိုးတည်းသာရရှိထားပြီး ဘာစီလိုနာကပုံစံကို မပြသနိုင်သေးတာဖြစ်ပါတယ်။

ပြင်သစ်လီဂူးပွဲအဖြစ် ဒီနေ့မှာ စိန့်အက်တီယန်နဲ့ ပီအက်စ်ဂျီတို့ ကစားရမယ့်ပွဲမတိုင်ခင်မှာ စိန့်အက်တီယန်နည်းပြက ပြိုင်ဘက်အသင်းတိုက်စစ်မှူးမက်ဆီကို ပုံမှန်ထက် နည်းနည်းလေးပိုကောင်းလာမယ်လို့ မျှော်လင့်ကြောင်းပြောဆိုလိုက်ပါတယ်။ အသက် ၃၄ နှစ်အရွယ် မက်ဆီဟာ ပဲရစ်ကိုရောက်ရှိကတည်းက လီဂူးပြိုင်ပွဲမှာ သွင်းဂိုးရရှိမှုနည်းပါးနေပြီး ဂိုးဖန်တီးမှုတွေကိုသာ အများစုပြုလုပ်ထားနိုင်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့တပတ်ကကစားခဲ့တဲ့ လိဂ်ပွဲမှာလည်း နန့်တက်စ်ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့ပြီး မက်ဆီရဲ့ ခြေစွမ်းအပေါ်မှာ ဝေဖန်မှုတွေက ပိုမိုမြင့်တက်လာခဲ့ပါတယ်။ ဘာစီလိုမှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးကို မက်ဆီ အခုချိန်ထိ ပြသထားနိုင်ခြင်းမရှိခဲ့ဘဲ ဂိုးဖန်တီးမှုတွေတော့ ပြုလုပ်ထားနိုင်ခဲ့ပေမယ့် ဂိုးပေါက်ပျောက်ဆုံးနေမှုတွေက သူ့ကို မေးခွန်းထုတ်စရာအဖြစ်ရှိနေခဲ့ပါတယ်။ 


စိန့်အက်တီယန်နည်းပြဒူပရက်ဇ်က "မက်ဆီက ထူးခြားတဲ့ကစားသမားတဦးဖြစ်ပြီး ပုံမှန်ထက်နည်းနည်းပိုကေငာ်းလာမယ်လို့ ကျနော်မျှော်လင့်ပါတယ်၊ သူက အံ့မခန်းကစားသမားတဦးဖြစ်ပြီး နှိမ့်ချတဲ့ပုံစံရှိပါတယ်၊ သူက ပြိုင်ဘက်ကို ဆွကစားတတ်သူမဟုတ်ဘဲ လေးစားမှုရှိသူပါ၊ သူက ဘောလုံးကို ကျွမ်းကျင်ပိုင်နိုင်မှုအပြည့်နဲ့လည်း ကစားခဲ့သူဖြစ်ပါတယ်" လို့ Le10Sport ကို ပြောဆိုခဲ့ပါတယ်။ 

မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၇ ဂိုးနဲ့ ဖန်တီးမှု ၉ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သွင်းဂိုး ၅ ဂိုးကိုတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းယူထားခဲ့တာဖြစ်ပြီး လီဂူးပြိုင်ပွဲမှာတော့ လက်ရှိအချိန်ထိ သွင်းဂိုး ၂ ဂိုးတည်းသာရရှိထားပြီး ကစားသမားဘ၀မှာ အဆိုးရွားဆုံးလိဂ်ဂိုးပိုင်ဆိုင်မှုနဲ့ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က