ဘယ်လ်ဂျီယံတိုက်စစ်မှူးအတွက်တော့ အရှက်ရစရာဖြစ်လာခဲ့ပါပြီ။

ချယ်လ်ဆိးကို ပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် အဆင်မပြေမှုတွေဖြစ်ပေါ်နေချိန်မှာ အသင်းဟောင်းအင်တာမီလန်ကို ပြန်သွားချင်တယ်လို့ ပြောဆိုခဲ့တဲ့ တိုက်စစ်မှူးလူကာကူကို ပြန်မလာဖို့အတွက် အင်တာမီလန်ပရိသတ်တွေက ထုတ်ဖော်ပြသသွားခဲ့ပါတယ်။ ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ဒီရာသီအစမှာမှ ချယ်လ်ဆီးကို ပြန်လည်ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်ရှိမှာ ရုန်းကန်နေရတာလည်းဖြစ်ပါတယ်။



နည်းပြတူချယ်လ်လက်အောက်မှာ သူ့အနေနဲ့ အဆင်မပြေဘူးလို့ လူကာကူက လူသိရှင်ကြားပြောဆိုလိုက်ပြီး အခြားပြောင်းရွှေ့စရာအသင်းမရှိလို့သာ ချယ်လ်ဆီးကို ရောက်လာခဲ့တယ်လို့ အဓိပ္ပာယ်ရတဲ့ပြေဆာိုမှုတွေလုပ်ခဲ့လို့လည်း အသင်းပရိသတ်တွေရဲ့ အမျက်ထွက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ နည်းပြတူချယ်လ်ကလည်း လူကာကူရဲ့ ပြောဆိုမှုတွေကို ချက်ချင်းပြန်တုံ့ပြန်ခဲ့ပြီး စိတ်ပျက်ဖွယ်ပြောဆိုမှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ 

လူကာကူက "ထိပ်တန်းအသင်း ၃ သင်းပဲရှိတယ်၊ ရီးရဲလ်၊ ဘာကာနဲ့ ဘိုင်ယန်ပေါ့၊ ကစားသမားတိုင်းကစားဖို့အိပ်မက်မက်နေတဲ့အသင်းတွေပါ၊ ကျနော် အင်တာမီလန်မှာ ကစားပြီးရင် အဲဒီအသင်းတွေကို ပြောင်းရွှေ့နိုင်မယ်လို့ တွေးခဲ့ပါတယ်၊ ဒါပေမယ့် တကယ်တမ်းဖြစ်မလာခဲ့ချိန်မှာ ကျနော်ရွေးချယ်စရာက အသင်းတသင်းပဲရှိပါတော့တယ်၊ အဲဒါကတော့ ချယ်လ်ဆီးပါ၊ အင်တာမီလန်နဲ့ ပရိသတ်တွေကို အချိန်မတန်ခင် ကျနော်ပြောခဲ့တာတွေအတွက်လည်း တောင်းပန်ပါတယ်"

"အင်တာမီလန်မှာ ကျနော်ပြန်ကစားဖို့မျှော်လင့်ထားပါတယ်၊ သူတို့သာ ကျနော့်ကို စာချုပ်သစ်ချုပ်ခဲ့မယ်ဆိုရင် ကျနော် မီလန်မှာဆက်ရှိနေမှာပါ" လို့ ပြောဆိုခဲ့တာပါ။ ဒီပြောဆိုမှုတွေအပြီးမှာတော့ အင်တာပရိသတ်တွေက "မိုးရေထဲမှာ ဘယ်သူတွေ ပြေးသွားတယ်ဆိုတာ အရေးမကြီးပါဘူး၊ မုန်တိုင်းထဲမှာ ဘယ်သူရှိနေလဲဆိုတာကိုပဲ ရေတွက်ပါတယ်။ နှုတ်ဆက်ပါတယ် ရိုမီလူ" လို့ အဓိပ္ပာယ်ရတဲ့ စာတန်းကို ချိတ်ဆွဲခဲ့တာဖြစ်ပါတယ်။ 

ဒါဟာ လူကာကူအတွက်တော့ တော်တော်လေးအရှက်ရစရာဖြစ်လာခဲ့ပါတယ်။ လက်ရှိအသင်းမှာလည်း သူ့ရဲ့လက်လွတ်စပယ်ပြောဆိုမှုတွေကြောင့် အသင်းတွင်းပြသနာတွေဖြစ်လာနိုင်သလို အသင်းဟောင်းအင်တာပရိသတ်တွေကလည်း သူ့ကို သစ္စာမဲ့သူတဦးအဖြစ် ယူဆနေပြီဖြစ်လို့ သူ့ရဲ့အနာဂတ်က တော်တော်လေးတော့ စိုးရိမ်စရာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ 

Share

က္က