ဘရူနိုဖာနန်ဒက်စ်က ဖရက်ဒ်ကို နောက်ပြောင်ခဲ့တာပါ။

ဖရက်ဒ်ရဲ့ ညာခြေနဲ့ လှလှပပကန်သွင်းချက်ကြောင့် တလုံးတည်းသောအနိုင်ဂိုးကို ရယူနိုင်ခဲ့ပြီး နည်းပြသစ်ရန်းဂ်နစ်ခ်အတွက် ပွဲဦးထွက်မှာ နိုင်ပွဲဆောင်ကျဉ်းပေးနိုင်ခဲ့တာပါ။ 


ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ပရိသတ်တွေ၊ အသင်းဖော်တွေနဲ့ နည်းပြဖြစ်သူရဲ့ အထင်ကြီးမှုတွေကို ဖရက်ဒ်တယောက် ရရှိသွားခဲ့ပါတယ်။ ဂိုးရဖို့ ခက်ခဲနေတဲ့ ယူနိုက်တက်ဟာ ဖရက်ဒ်ရဲ့ ညာခြေနဲ့ လှလှပပကန်သွင်းချက်ကြောင့် တလုံးတည်းသောအနိုင်ဂိုးကို ရယူနိုင်ခဲ့ပြီး နည်းပြသစ်ရန်းဂ်နစ်ခ်အတွက် ပွဲဦးထွက်မှာ နိုင်ပွဲဆောင်ကျဉ်းပေးနိုင်ခဲ့တာပါ။ 

ဘယ်သန်ကစားသမားတဦးဖြစ်တဲ့ ဖရက်ဒ်က ရှားရှားပါးပါးညာခြေကန်သွင်းချက်နဲ့ ဂိုးရယူနိုင်ခဲ့တာဖြစ်လို့လည်း အားလုံးကို အံ့အားသင့်စေခဲ့ရပါတယ်။ နည်းပြရန်းဂ်နစ်ခ်ကတောင် ညာခြေနဲ့ဂိုးသွင်းတာလားလို့ ပြန်မေးယူရတဲ့အထိဖြစ်ခဲ့ပြီး ပွဲအပြီးမှာတော့ အသင်းဖော်ဘရူနိုဖာနန်ဒက်စ်ကလည်း ဖရက်ဒ်ကို နောက်ပြောင်ကျီစယ်မှုတွေပြုလုပ်သွားခဲ့ပါတယ်။ 


ဖာနန်ဒက်စ်က သူ့ရဲ့ လူမှုကွန်ယက်မှာ ဖရက်ဒ်၊ အဲလက်စ်တဲလက်စ်တို့ သူနဲ့ စကားပြောနေတဲ့ ဓာတ်ပုံကို တင်ထားခဲ့ပါတယ်။ 


ဘရူနို - အမှန်တော့ အဲဒါက ကန်တင်ပေးလိုက်တာမဟုတ်လား


တဲလက်စ် - ၁၀၀% သေချာတာပေါ့


ဖရက်ဒ် - မင်းတို့ ငါ့ရဲ့ ညာခြေကန်ချက်ကို လေးစားမှုရှိကြစမ်းပါ လို့ ရေးသားနောက်ပြောင်သွားခဲ့ပါတယ်။ အဆိုပါပို့စ်ကတော့ တော်တော်လေးရေပန်းစားသွားပြီး Like လုပ်သူပေါင်း သိန်းနဲ့ချီတဲ့အထိရှိခဲ့ကာ ပရိသတ်တွေကလည်း ဖရက်ဒ်ကို နောက်ပြောင်တဲ့မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။ 

ဒီရာသီမှာတော့ ဖရက်ဒ်က ယူနိုက်တက်အတွက် လိဂ်ဂိုး ၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ဒါဟာ စပါးတိုက်စစ်မှူးဟယ်ရီကိန်းထက် ပိုမိုများပြားတဲ့အရေအတွက်ဖြစ်ပြီး ဒီအပေါ်မှာလည်း နှိုင်းယှဉ်ပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ 


Share

Loading Next Article...
က္က