မက်ဆီကတော့ နှစ်ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့တာပါ။

အင်တာမိုင်ယာမီရဲ့ ကြယ်ပွင့် ကစားသမားကြီး မက်ဆီကတော့ ဒီမနက် ကစားသွားခဲ့တဲ့ နယူးအင်္ဂလန်ကို ၁-၄ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မေဂျာလိဂ်ပွဲမှာလည်း အသင်းအတွက် နှစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် သူ့အနေနဲ့ နောက်ဆုံး (၅) ပွဲဆက်တိုက် အသင်းအတွက် သွင်းဂိုး ပါဝင်ပတ်သက်နိုင်တဲ့ မှတ်တမ်းကို ရရှိခဲ့တာပါ။




ကော်လိုရာဒိုရက်ပစ်နဲ့ ကစားခဲ့တဲ့ပွဲမှာ မက်ဆီက လူစားဝင်လာပြီး တစ်ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် မွန်တာရေးကို ၃-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ မက်ဆီက ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာပါ။


စပို့တင်းကေစီကို ၂-၃ ဂိုးနဲ့ နိုင်ခဲ့တဲ့ပွဲမှာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ နက်ရှ်ဗေးလ်ကို ၃-၁ ဂိုးနဲ့ နိုင်ခဲ့တဲ့ပွဲမှာလည်း နှစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး အခု နောက်ဆုံး နယူးအင်္ဂလန်နဲ့ပွဲမှာလည်း မက်ဆီက နှစ်ဂိုးသွင်းယူပြီး ဆွာရက်ဇ်ရဲ့ပွဲသိမ်းဂိုးအတွက်ပါ ဖန်တီးပေးခဲ့တာပါ။

အဲ့ဒါကြောင့် အင်တာမိုင်ယာမီအတွက် ပြိုင်ပွဲစုံ နောက်ဆုံး (၅) ပွဲမှာ မက်ဆီရဲ့ သွင်းဂိုးပါဝင်ပတ်သက်မှုက (၁၀) ဂိုးအထိ ရှိနေခဲ့ပါတယ်။ မက်ဆီကတော့ မေဂျာလိဂ်ရာသီအစောပိုင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရသေးတာပါ။


ဒါပေမယ့် သူ ကစားခွင့်ရချိန်မှာ အင်တာမိုင်ယာမီအတွက် အကောင်းဆုံးခြေစွမ်းပြကာ သွင်းဂိုးတွေအတွက် တာဝန်ယူပေးနေတာကိုလည်း မြင်တွေ့ရပါတယ်။ လက်ရှိ အမှတ်ပေးဇယားမှာလည်း အင်တာမိုင်ယာမီက (၁၁) ပွဲမှာ (၆) ပွဲနိုင်၊ (၃) ပွဲသရေ၊ (၂) ပွဲရှုံး ရလဒ်နဲ့အတူ အဆင့် (၁) နေရာမှာ ရပ်တည်လျက်ရှိပါတယ်။

Share

Loading Next Article...
က္က