ဘုန်းမောက်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တာပါ။

အာတီတာရဲ့ အာဆင်နယ်ကတော့ ဒီရာသီမှာ တော်တော်လေးခြေစွမ်းပြနေပြီး ဘုန်းမောက်ကိုလည်း အဝေးကွင်းမှာ ၃-၀ နဲ့ အနိုင်ရကာ အဖွင့်ပွဲ ၃ ပွဲဆက်တိုက် နိုင်ပွဲယူခဲ့ပါတယ်။ အသင်းခေါင်းဆောင်မာတင်အိုဒီဂတ်ရဲ့ သွင်းဂိုးနှစ်ဂိုး၊ ဆာလီဘာရဲ့ ဘယ်ခြေနဲ့ ကန်ချက်နဲ့သွင်းဂိုးတဂိုးရရှိခဲ့ပြီး အဖိုးတန်နိုင်ပွဲတပွဲကို ထပ်မံရယူခဲ့ကာ အကောင်းဆုံးပုံစံကို ထပ်ပြသခဲ့ပါတယ်။ 

အာဆင်နယ်ရရှိခဲ့တဲ့ အဖွင့်ဂိုးအတွက်တော့ တိုက်စစ်မှူးဂါဘရီရယ်ဂျီးဆပ်ကို တော်တော်လေးချီးကျူးရမှာဖြစ်ပါတယ်။ ကွင်းလယ်အကျော်နားလောက်မှာ ဘောလုံးရရှိခဲ့ပြီးနောက် ဂျီးဆပ်က ဘုန်းမောက်က ဂျက်ဖာဆန်လာမာနဲ့ နောက်ထပ်ခံစစ်ကစားသမားတွေကို ကျော်ဖြတ်ပြီး မာတင်နယ်လီဆီကို ဘောလုံးပေးပို့ခဲ့ကာ အဲဒီကန်သွင်းချက် ပြန်အံထွက်လာတာကို အိုဒီဂတ်က ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ 



ဂျီးဆပ်ရဲ့ build-up လုပ်ပေးခဲ့မှုမှာတော့ လျင်မြန်တဲ့ပြေးလွှားမှု၊ အလိမ်အခေါက်စွမ်းရည်၊ မှန်ကန်တဲ့အချိန်မှာပဲ လူပေးဖို့ ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့မှုတွေ ပေါင်းစပ်ထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း အဆိုပါဂိုးရရှိခဲ့မှုမှာ အဓိကပါဝင်ပတ်သက်ခဲ့တဲ့ ဂျီးဆပ်ကို အာဆင်နယ်ပရိသတ်တွေက သူတို့ရဲ့ဂန္ထဝင်တိုက်စစ်မှူးဟောင်းအွန်နရီပြန်လည်မွေးဖွားလာတယ်လို့ ချီးကျူးခဲ့ကြပြီး ဂယ်ရီလိုင်နီကာကလည်း မက်ဆီနဲ့ ခိုင်းနှိုင်းသွားခဲ့ပါတယ်။ 

ဂျီးဆပ်ဟာ လက်စတာနဲ့ပွဲမှာလည်း ၂ဂိုးသွင်းကာ ၂ကြိမ်ဖန်တီးပေးခဲ့ပြီး ဒီနေ့ပွဲမှာလည်း တကြိမ်ထပ်မံဖန်တီးပေးခဲ့ပါတယ်။ သူ ဂိုးမသွင်းနိုင်ရင်တောင်မှ ဖန်တီးပေးနေတာဖြစ်ပြီး သွင်းဂိုးရော၊ ဖန်တီးမှုပါ မရလည်း သူ့ရဲ့အသင်းမှာ ပါဝင်ပတ်သက်ပေးနေမှုတွေက တော်တော်လေးကျေနပ်အားရစရာကောင်းနေပြီး အာတီတာအတွက်တော့ ဂျီးဆပ်ကို ရလိုက်တာ တကယ်ကိုအကျိုးများခဲ့ပါတယ်။ 

ပွဲအစီအစဉ်တင်ဆက်သူ ဂျင်မီရက်နပ်ကလည်း "သူက လျှပ်စစ်ငါးရှဉ့်တကောင်လိုပဲ၊ ဒါကြောင့်လည်း မြန်တယ်၊ သန်မာတယ်၊ သူ ကွင်းထဲမှာရှိနေတယ်ဆိုရင် အကျိုးသက်ရောက်မှုတွေကို လုပ်နိုင်တာပဲ၊ ဒါကို သူ အတိအကျလုပ်ပြနိုင်တယ်၊ သူ့ရဲ့ သန်မာမှုက မယုံနိုင်စရာပါပဲ၊ အရမ်းလှပပါတယ်" လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က