တစ်ရာသီတည်းမှာပဲ လာလီဂါထိပ်သီးအသင်းနှစ်သင်းကို ဂိုးသွင်းယူနိုင်ဖို့ဆိုတာ လွယ်ကူလှတာမဟုတ်ဘဲ ဖယ်လ်ကာအိုကတော့ ဒါကိုဖြစ်အောင်လုပ်ပြနိုင်ခဲ့ပါတယ်။
မနေ့ကကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ရာယိုဗယ်လက်ကာနိုကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်မှာ ၂ မှတ်ဖြတ်ပြီး ဦးဆောင်လိုက်ပြီဖြစ်ပါတယ်။ တိုနီခရူးစ် နဲ့ ဘန်ဇီမာတို့က ရီးရဲလ်အတွက် ဂိုးသွင်းယူပေးခဲ့ပြီး ဗယ်လက်ကာနိုအတွက် ဖယ်လ်ကာအိုက ချေပဂိုးသွင်းယူပေးခဲ့ကာ နောက်ဆုံး ၁၀ မိနစ်အတွင်း စိတ်ပူပူနဲ့ထိုင်ကြည့်နေခဲ့ရတယ်လို့ ရီးရဲလ်နည်းပြအန်ဆယ်လော့တီက ဝန်ခံခဲ့ပါတယ်။
ရီးရဲလ်ကို ဂိုးသွင်းယူနိုင်ခဲ့တဲ့နောက် ဖယ်လ်ကာအိုရဲ့ ဒီရာသီလာလီဂါသွင်းဂိုးဟာ ၅ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ကိုလံဘီယာတိုက်စစ်မှူးအတွက် ကစားသမားဘ၀မှာ တကျော့ပြန်တောက်ပမှုဖြစ်ပြီး ဒီမတိုင်ခင် ဘာစီလိုနာကိုအနိုင်ရရှိခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကပွဲမှာ အနိုင်ဂိုးသွင်းယူပေးခဲ့ပြီးနောက် လာလီဂါထိပ်သီးအသင်းနှစ်သင်းစလုံးကို ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
ဗယ်လက်ကာနိုအတွက် အရေးပါတဲ့သွင်းဂိုးတွေကို သွင်းယူပေးနေတာဖြစ်ပါတယ်။ တစ်ရာသီတည်းမှာပဲ လာလီဂါထိပ်သီးအသင်းနှစ်သင်းကို ဂိုးသွင်းယူနိုင်ဖို့ဆိုတာ လွယ်ကူလှတာမဟုတ်ဘဲ ဖယ်လ်ကာအိုကတော့ ဒါကိုဖြစ်အောင်လုပ်ပြနိုင်ခဲ့ပါတယ်။ အခုဆိုရင် ဗယ်လက်ကာနိုအတွက် ၁၁ ပွဲကစားပေးအပြီးမှာ ၅ ဂိုးသွင်းယူပေးထားပြီး ခြေစွမ်းပြနေပြီဖြစ်ပါတယ်။