သူ့အကြောင်းရေးနေတဲ့ သတင်းတွေကို ပေါက်ကွဲလာခဲ့တာပါ။

ဘယ်လ်ဂျီယံလက်ရွေးစင် တိုက်စစ်မှူး လူကာကူက သူ့အကြောင်းနဲ့ ပတ်သက်လို့ မဟုတ်မမှန်တာတွေ ရေးနေကြတာနဲ့ ပတ်သက်လို့ စိတ်ပင်ပန်းလာပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ လူကာကူဟာ လက်ရှိမှာ ဘယ်လ်ဂျီယံနဲ့အတူ နိုင်ငံတကာရက်သတ္တပတ်အဖြစ် ပူးပေါင်းခဲ့တာပါ။



အဆိုပါ တိုက်စစ်မှူးကြီးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ချဲလ်ဆီးကနေ အသင်းပြောင်းဖို့ ကြိုးစားခဲ့တဲ့နေရာမှာ ဂျူဗင်တပ်စ်၊ အင်တာမီလန်တို့နဲ့ သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ လူကာကူက ရိုးမားကိုသာ အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။
သူ့ရဲ့ ပြီးခဲ့တဲ့နွေရာသီက အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ မီဒီယာတွေက ဒရမ်မာဆန်ဆန် ရေးသားနေကြပြီး ဒီအပေါ်မှာ လူကာကူက မကျေမနပ်ဖြစ်လာခဲ့တာပါ။ လူကာကူက “သင့်တော်တဲ့ အချိန်ကို ကျွန်တော် စောင့်နေတာပါ။ ခင်ဗျားတို့လည်း ကျွန်တော့်အကြောင်းကို သိကြပါတယ်”
“ကျွန်တော် စကားပြောပြီဆိုရင် ဝေ့လည်ကြောင်ပတ် မပြောပါဘူး။ ပြီးရင် ဒရမ်မာတွေလည်း မခင်းတတ်ပါဘူး။ နောက်ကွယ်မှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော့်အကြောင်းကို ပြောပြီဆိုရင် လူတိုင်းအနေနဲ့ ကျွန်တော့်ဘက်က အမြင်ကို တစ်ခါလောက် နားထောင်စေချင်ပါတယ်”
“မဟုတ်တာလည်း တစ်ခုမှ မပါ,ပါဘူး။ ကျွန်တော် လက်ရွေးစင်အသင်းမှာရှိနေခဲ့တုန်း သောက်တလွဲအကြောင်းတွေကို ဖတ်ရတာ ပင်ပန်းနေပါပြီ။ ကျွန်တော်က အင်တာမီလန်ကို ပြောင်းဖို့ ပြောခဲ့တယ်၊ ဂျူဗင်တပ်စ်ကို မပြောင်းဘူးတဲ့။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က စိတ်နဲ့သာဆိုရင် ကျွန်တော် ပေါက်ကွဲပြီးလောက်ပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က