ဒီဘရိုင်းက ငယ်ငယ်တည်းက ဘယ်ခြေနဲ့ ကျင့်သားရခဲ့တာပါ။

မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းဟာ မနေ့ညက ဝုလ်ဗ်ကို ၁-၅ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဥ်မှာ မန်စီးတီးအတွက် ခြေစွမ်းပြဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဒီဘရိုင်းက မန်စီးတီးအတွက် တယောက်တည်း လေးဂိုးသွင်းခဲ့တာဖြစ်ပြီး နောက်တဂိုးကိုတော့ စတာလင်က သွင်းယူနိုင်ခဲ့ပါတယ်။



ပွဲကစားချိန် (၂၄) မိနစ်အတွင်းမှာပဲ ဒီဘရိုင်းက ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပွဲအပြီးမှာတော့ လေးဂိုးအထိ ရရှိခဲ့တာပါ။ ဒီဘရိုင်းအနေနဲ့ နောက်ထပ်တဂိုးရနိုင်ခြေရှိခဲ့ပေမယ့် တိုင်ထိထွက်ခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ ဒီဘရိုင်းကိုယ်တိုင်ကလည်း ငါးဂိုးသွင်းနိုင်ခဲ့သင့်တယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

ဒီဘရိုင်းဟာ ဒီပွဲမှာရရှိခဲ့တဲ့ သွင်းဂိုး (၃) ဂိုးက ဘယ်ခြေနဲ့ချည်းပဲ သွင်းယူခဲ့တာဖြစ်ပြီး တိုင်ထိထွက်သွားတဲ့အလုံးကလည်း ဘယ်ခြေနဲ့ပဲ ကန်ခဲ့တာဖြစ်ပါတယ်။ ဒီဘရိုင်းဟာ ပုံမှန်အားဖြင့် ညာသန်ကစားသမားဖြစ်ပေမယ့် သူအားမသန်ပါဘူးဆိုတဲ့ ဘယ်ခြေထောက်နဲ့ ကန်ချက်တွေ၊ ဘယ်ခြေနဲ့ ဖန်တီးချက်တွေကလည်း ပြိုင်ဘက်တွေအတွက် တကယ်ကို ကြောက်စရာပါ။

ဒီဘရိုင်းဟာ သူအားမသန်တဲ့ ဘယ်ခြေနဲ့ပဲ ချဲလ်ဆီး၊ လက်စတာ၊ စပါး၊ အာဆင်နယ်၊ မိုချန်ဂလာဘတ်၊ လီဗာပူး၊ ယူနိုက်တက်၊ ဘန်လေ၊ ဆီဗီလာ၊ ဒိန်းမတ်တို့လို အသင်းတွေကိုပါ ဂိုးသွင်းထားနိုင်ခဲ့ဖူးပါတယ်။ ဒီလိုမျိုး ဒီဘရိုင်းတယောက် ဘယ်ခြေရော၊ ညာခြေရော တိကျကောင်းမွန်နေတာ အကြောင်းတော့ ရှိပါတယ်။

ဘယ်လ်ဂျီယံဂျာနယ်လစ် တာရာရဲ့ ဖော်ပြချက်အရ ငယ်စဥ်တုန်းက ဒီဘရိုင်းဟာ သူ့အိမ်နီးချင်းတယောက်ရဲ့ တားမြစ်မှုကြောင့် ညာခြေနဲ့ကန်ခွင့်မရဘဲ ဘယ်ခြေနဲ့ချည်း ဘောလုံးကန်ခဲ့ရတာကြောင့်လို့ သိရပါတယ်။ ဒီဘရိုင်းဟာ ညာခြေနဲ့ကန်တိုင်း အိမ်ရဲ့ပန်းခြံထဲက ပန်းအိုးတွေ၊ ပန်းတွေကို ပျက်စီးစေခဲ့တာကြောင့်ပါ။ အဲ့ဒါကြောင့်ပဲ ဒီဘရိုင်းတယောက် ဘယ်ခြေရော၊ ညာခြေရော အားသန်လာခဲ့တာဖြစ်ပါတယ်။

ဒီဘရိုင်းဟာ ပုံမှန်အားဖြင့် ညာခြေကိုသာ ပိုမိုအသုံးပြုလေ့ရှိပေမယ့် အခွင့်အရေးရရင်လည်း ဘယ်ညာမရွေး အဆုံးသတ် ကန်သွင်းနိုင်ပြီး ဒါဟာ သူ့ရဲ့ငယ်ဘဝတုန်းက လေ့ကျင့်မှုတွေကြောင့်လို့ ပြောကြားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က