ညက ချယ်လ်ဆီးနဲ့ပွဲမှာ သွင်းယူခဲ့တာပါ။

မန်စီးတီးတိုက်စစ်မှူးဟာလန်းဟာ ညက ချယ်လ်ဆီးနဲ့ပွဲမှာ ဂိုးသွင်းယူဖို့ ကြိုးစားရင်းနဲ့ ဘောလုံးကို ငယ်ပါနဲ့ သွင်းယူမိသလိုဖြစ်သွားခဲ့ပါတယ်။ သူ့ရဲ့ ဒုတိယမြောက်ဂိုးကို သွင်းယူချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘောလုံးရော၊ လူပါ ဂိုးပေါက်ထဲ ဝင်သွားခဲ့ပြီး ဂိုးလည်းရခဲ့ပါတယ်။ ဖြစ်တောင့်ဖြစ်ခဲသွင်းဂိုးတဂိုးကို သူရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

ပွဲအပြီး အင်တာဗျူးမှာတော့ ဟာလန်းက ""ကျနော့် ဘောတွေနဲ့ တခါမှ ဂိုးမသွင်းခဲ့ဖူးပါဘူး၊ အခု ဒီဂိုးကတော့ မှတ်တိုင်တခုပါပဲ" လိုံ့ ဟာသနှောပြောဆိုခဲ့ပါတယ်။ ဟာလန်းဟာ ဂိုးသွင်းဖို့အတွက် အားထုတ်ရင်းနဲ့ ဘောလုံးက ပေါင်ကြားထဲ ညပ်နေခဲ့ပြီးနောက် ဂိုးထဲကို အတူတူရောက်သွားခဲ့တာပါ။ ဂိုးရပြီးနောက်မှာ လက်ထိဘောဖြစ်၊မဖြစ် VAR ပြန်ကြည့်ခဲ့ပြီး ဂိုးအဖြစ် ခွင့်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်။ 

ဒါကြောင့်လည်း ကစားသမားဘ၀မှာ သူက ဂိုးသွင်းယူနိုင်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးနဲ့ ဂိုးသွင်းနိုင်ခဲ့ပြီလို့ ဆိုနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး ရှားပါးမှတ်တမ်းကို အရင်ကလည်း ရော်နယ်ဒိုက ရရှိဖူးပြီး အခုတော့ ဟာလန်းက ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီပွဲကတော့ အားလုံးသိပြီးတဲ့အတိုင်း ၄ ဂိုးစီနဲ့ သရေပွဲအဖြစ် ပြီးဆုံးခဲ့ကာ ပရိသတ်တွေကို ဖျော်ဖြေမှု အပြည့်ပေးနိုင်တဲ့ပွဲလည်းဖြစ်ခဲ့ပါတယ်။ 

ဟာလန်းက ၂ဂိုးသွင်းယူခဲ့ကာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သလို ဒီရာသီမှာလည်း သူက ရေပန်းအစားဆုံးဖြစ်နေပြီး ၂နှစ်ဆက်တိုက်ရယူနိုင်ဖို့အတွက် တော်တော်လေး အခြေအနေကောင်းနေပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က