မန်ချက်စတာစီးတီးကြယ်ပွင့် ဖီးလ် ဖိုဒန်ဟာ စနေနေ့နေ့လယ် အစ်တီဟတ်မှာ ယှဉ်ပြိုင်ကစားနေတဲ့ အစောပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဖွင့်ဂိုးကို သွင်းယူဖို့အတွက် ၁၅ မိနစ်သာ အချိန်ယူခဲ့ရပါတယ်။
ဖိုဒန်ဟာ နယူးကာဆယ်လ် ဘယ်နောက်ခံလူ ဒန် ဘန်းကို အဖွင့်ပွဲကစားချိန်တလျှောက်လုံး ခြိမ်းခြောက်နိုင်ခဲ့တာဖြစ်ပြီး လူထိလမ်းကြောင်းပြောင်းသွားတဲ့ကန်ချက်ကနေတဆင့် ၃ ပွဲမှာ ၄ ဂိုးမြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်တောင်ပံကြယ်ပွင့်ဟာ ဂိုးသွင်းယူနိုင်တဲ့ နေရာကို ဝင်ရောက်နိုင်ဖို့အတွက် နယူးကာဆယ်လ် နောက်ခံကစာသးမား ၃ ဦးထဲက ၂ ဦးကို ဖြတ်ကျော်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က ဘုန်းမောက်ကို ဂိုးမသွင်းယူမီ ဘရစ္စတိုးလ်စီးတီးကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားနိုင်ပွဲမှာ ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဖိုဒန်ဟာ လက်ရှိမှာ အကောင်းဆုံးပုံစံ ပြန်လည်ရရှိနေတာ ကျိန်းသေလုနီးပါးဖြစ်ပြီး ပရိသတ်တွေဟာ လူမှုကွန်ရက်ပေါ်မှာ ဖိုဒန် ပြန်လာပြီလို့ ကြွေးကြော်ခဲ့ကြတာဖြစ်ပါတယ်။ "ဖိုဒန်က ဒီညနေမှာ ညာတောင်ပံမှာ လုံးဝကို လှောင်ပြောင်နေတယ်။ ဖျော်ဖြေမှုအပြည့်ပေးနိုင်တဲ့ စွမ်းဆောင်ရည်"လို့ ပရိသတ်တစ်ဦးက ချီးကျူးခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း "ငါ နောက်ထပ်တစ်ကြိမ် ထပ်ပြောမယ်။ ဖီးလ် ဖိုဒန်က ကျွန်တော်တို့မှာ အခုရှိနေတဲ့ထဲက မက်ဆီနဲ့ အနီးစပ်ဆုံးအရာပဲ။ ကောင်းလိုက်တဲ့ဂိုး"လို့ မှတ်ချက်ပေးခဲ့ပါတယ်။