ဖရန်ကီဒီဂျောင်က အနိုင်ဂိုးအတွက် အကောင်းဆုံးစတင်ပေးခဲ့တာပါ။

ယူနိုက်တက်က ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာနဲ့နယ်သာလန်ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ဟာ မနေ့ညက ဝေးလ်စ်နဲ့ပွဲမှာ နယ်သာလန်ရဲ့ ဒရာမာဆန်ဆန် အနိုင်ဂိုးအတွက် အဓိကကျတဲ့နေရာကနေ ပါဝင်ပတ်သက်ခဲ့ပါတယ်။ ဒီပွဲမှာ နယ်သာလန်က ဝေးလ်စ်ကို ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။



နယ်သာလန်ဟာ ပွဲကစားချိန် မိနစ် (၉၀) အထိ ၀-၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့် မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပို (၂) မိနစ်မှာတော့ ဝေးလ်စ်ကို ချေပဂိုးပေးလိုက်ရပါတယ်။ တဂိုးစီသရေနဲ့ပဲ ပွဲပြီးဆုံးတော့မယ်ထင်ခဲ့ပေမယ့် နယ်သာလန်က ဖရန်ကီဒီဂျောင်ရဲ့ အံ့အားသင့်ဖွယ် အရည်အချင်းကနေ အစပြုခဲ့တဲ့ သွင်းဂိုးကြောင့် ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲမှာ ဖရန်ကီဒီဂျောင်က ပွဲကစားချိန် (၆၇) မိနစ်မှ လူစားဝင်ကစားခဲ့တာဖြစ်ပြီး နောက်ဆုံးမိနစ်မှာ သွင်းယူခဲ့တဲ့ ဝက်ဟို့စ်ရဲ့သွင်းဂိုးအတွက် အဓိကကျတဲ့ ဖန်တီးပေးသူတယောက်ဖြစ်ခဲ့ပါတယ်။ ဖရန်ကီဒီဂျောင်ဟာ ဝေးလ်စ်ကွင်းလယ်တတန်းလုံးကို အကောင်းဆုံး နောက်ကောက်ချခဲ့ပြီး အနိုင်ဂိုးအတွက် ဖန်တီးရှင် မာလာရှာစီ ပေးပို့ခဲ့ပါတယ်။



အဲ့ဒီကနေမှတဆင့် ဝက်ဟို့စ်က အနိုင်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ယူနိုက်တက်နဲ့ဘာစီလိုနာပရိသတ်တွေကတော့ ဒီကစားသမားကို အသီးသီး ချီးကျူးနေခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်တယောက်က “ဒီကစားသမားက ပြိုင်ဘက်တွေကို နောက်ကောက်ချပြီး ပြိုင်ဘက်ခံစစ်ကို သူ့ရဲ့ပေးပို့မှုနဲ့ ပြိုလဲစေခဲ့တာပါ။ ငါဆို ဒါကိုကြည့်ပြီး အကြာကြီးထိုင်ငိုနေရတော့မယ်” လို့ ရေးသားခဲ့ပါတယ်။

ဘာစီလိုနာပရိသတ်တယောက်ကလည်း “ဖရန်ကီက ဘာစီလိုနာအတွက် ကစားဖို့ ထိုက်တန်တယ်ဆိုတာကို သူ့ရဲ့ အကောင်းဆုံးပုံစံတွေနဲ့ သက်သေပြနေဆဲပါ။ ကျနော်တို့ သူ့ကို အခုထက် ပိုကောင်းတဲ့နေရာမှာ ကစားခိုင်းဖို့ လိုအပ်ပါတယ်” လို့ အသီးသီး မှတ်ချက်ပြုရေးသားခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီဂျောင်အတွက် တရားဝင် ကမ်းလှမ်းမှုတခု စတင်ပြုလုပ်ထားပြီလို့လည်း သိရှိရပါတယ်။ 

Share

Loading Next Article...
က္က