အမြတ်ယူဖို့ထက် အရသာကောင်းဖို့ ဦးစားပေးတယ်။

ဒီနေ့မှာတော့ လူငယ်အကြိုက် အစားအသောက်တွေထဲကမှ စျေးနှုန်းလည်းတန် ၊ အရသာလည်းကောင်း တဲ့ Hot Dog ရောင်းတဲ့ ဆိုင်လေးတစ်ဆိုင်ကို မိတ်ဆက်ပေးချင်တာပါ။ ဒီဆိုင်လေးကတော့ သန်လျင်မှာရှိတဲ့ “Mingalar Par” Hot Dog ဆိုင်လေးပါပဲ။ 



ကင်မရာကိုရောင်းပြီး ဆိုင်လေးဖွင့်ဖို့ အရင်းတည်ခဲ့တယ် 

“ ကျွန်တော်က ဓာတ်ပုံရိုက်တာ ဝါသနာကြီးတဲ့သူမို့ အရင်တုန်းက ဓာတ်ပုံရိုက်ခဲ့ဖူးတဲ့ ကင်မရာမန်း ဖြစ်ပါတယ်။ အခုချိန်မှာ စားဝတ်နေရေး အခက်အခဲကြောင့် ကျွန်တော် တန်ဖိုးထားရတဲ့ ကင်မရာ နဲ့ ဆက်စပ် ပစ္စည်းတွေကို ရောင်းချပြီး အခု “ Mingalar Par” Hot Dog ဆိုင်လေး ဖွင့်ဖြစ်ခဲ့တာပါ။ ကျွန်တော့်ဆိုင်မှာ Corn Dog , Hot Dog နဲ့ Fish Fighter ဆိုပြီးတော့ တစ်ချောင်းကို (၁၀၀၀) ၊ ၃ ချောင်းကို (၁၀၀၀) နဲ့ ရောင်းပေးပါတယ်။ မြို့ထဲမှာဆိုရင် ဒီစျေးနဲ့ မရဘူး တစ်ချောင်းကို (၁၅၀၀) ၊ (၂၀၀၀) အနည်းဆုံး ရောင်းကြတာ။ ဒါပေမယ့် ကျွန်တော်ချစ်တဲ့ သန်လျင်မြို့က လူငယ်တွေ ၊ ကလေးတွေကို အရသာရှိပြီး စျေးတန်တန်လေး စားစေချင်လို့ ဒီစျေးနဲ့ပဲ ရောင်းတာပါ” 

စျေးပေါပေမယ့် ရွေးချယ်မှုတွေက မပေါဘူး

စျေးက (၁၀၀၀) နဲ့ရောင်းပေမယ့် ပါဝင်ပစ္စည်းတွေကို စျေးပေါတာ ကျွန်တော်မသုံးဘူး။ အခုဆို ဆီစျေးတွေ တက်လည်း စားအုန်းဆီ မသုံးဘူး မြေပဲဆီ နဲ့ ဟင်းရွက်ဆီ အရောလေးတွေ ရှိတယ် ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ ဆီကိုပဲ ကျွန်တော် သုံးတယ်။ အကြော်မှုန့်တွေက အစ ယိုးဒယားပစ္စည်းစစ်စစ်တွေပဲ သုံးတယ်၊ နူးနူးညံ့ညံ့လေး စားစေချင်တာပါ။ ပြီးတော့ ကျွန်တော် အမြတ်အများကြီး မယူချင်ဘူးခင်ဗျာ။ ဒီလို အဆင်မပြေကြတဲ့ ကာလကြီးမှာ စျေးကြီးပေးပြီး စားနေရမှာထက် စျေးလည်းတန်တယ် အရသာလည်း ရှိတယ် ဆိုတာမျိုးဖြစ်စေချင်တာပါ။ ကျွန်တော့် ဆိုင်က အရသာကောင်းတယ် ၊ စျေးတန်တယ် ဆိုတာမျိုးကို လူတွေ သိလာစေချင်တာပါ။ 

“Mingalar Par” Hot Dog ဆိုင်လေးကိုတော့ သန်လျင်မြို့မ စျေးအနီး ၊ အောင်မင်္ဂလာ လမ်းထိပ်၊ ရန်ကြီးအောင် လက်ဖက်ရည်ဆိုင် အရှေ့မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။သန်လျင်မြို့သူ ၊ မြို့သားတွေ အနေနဲ့ စားသုံးချင်တယ် ဆိုရင်တော့ ကိုယ်တိုင်လည်း သွားရောက် ရွေးချယ် ဝယ်ယူနိုင်သလို ဖုန်းနံပါတ် 09962008321 ကို ဆက်သွယ်မှာယူနိုင်တယ်လို့ သိရပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က