သူ့အသင်း ကစားသမားတွေကို အောက်စျေးနဲ့ရဖို့ ကြိုးစားနေသူတွေကို ပြောခဲ့တာပါ။

အသင်းအခက်အခဲတွေနဲ့ ကြုံတွေ့နေရချိန်မှာ သူ့ကစားသမားတွေကို အောက်စျေးနဲ့ နှိုက်ဖို့ ကြိုးစားနေတဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ဒါဘီနည်းပြဝိန်းရွန်နီက ပြင်းပြင်းထန်ထန်တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ ဒါဘီဘယ်နောက်ခံလူလီဘူချန်နန်ကို နော်တင်ဟမ်ဖောရက်စ်က စိတ်ဝင်စားနေတာဖြစ်ပြီး ကမ်းလှမ်းမှုတွေကိုတော့ ရွန်နီကိုယ်တိုင်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။ 

"ကစားသမားတွေအတွက် ကမ်းလှမ်းမှုတွေရှိလာတယ်ဆိုတာကို ကျနော်သိပါတယ်၊ ရယ်စရာကောင်းလွန်းတဲ့ ကမ်းလှမ်းမှုတွေကြောင့် မဖြစ်မြောက်ခဲ့ပါဘူး" လို့ ရွန်နီက DerbyshireLive ကို ပြောကြားခဲ့ပါတယ်။ "ပွင့်ပွင့်လင်းလင်းပြောရရင် အိတ်ကပ်ထဲ ပေါင် ၁၀၀၀ လောက် ထည့်ပြီးတော့ ဖာရာရီကားဂိုဒေါင်ဆီ လျှောက်သွားနေသလိုပဲ၊ ကစားသမားတွေအတွက် ကမ်းလှမ်းမှုတွေက သူတို့ရဲ့တန်ဖိုးအတိုင်းပဲ ဖြစ်ရပါမယ်"


"အဲဒီလိုမှမဟုတ်ရင်တော့ ကစားသမားတွေအနေနဲ့ အသင်းမှာပျော်သည်ဖြစ်စေ၊ မပျော်သည်ဖြစ်စေ၊ ဒါဘီမှာပဲ ဆက်ရှိနေရမှာပါ၊ ကျနော်တို့က စီမံခန့်ခွဲနေတာဖြစ်ပြီး အခြေအနေတွေကို သိပါတယ်၊ ကျနော်တို့ ကစားသမားတွေကို မတန်တဆစျေးနဲ့ခေါ်ဖို့ကြိုးစားနေတာကိုလည်း သိပါတယ်၊ အဲဒါက သေချာပေါက်ဖြစ်လာမှာမဟုတ်ပါဘူး" လို့ ရွန်နီက ထပ်ပြောခဲ့ပါတယ်။ 


ဒါဘီကတော့ ဒီရာသီမှာ ဘဏ္ဍာရေးပြသနာတွေကြောင့် ရမှတ်လျှော့ခံထားရပြီး တန်းမဆင်းရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ ကစားသမားတွေကို လစာငွေပေးချေဖို့လည်း အခက်တွေ့နေလို့ အသင်းတွင်းပြိုကွဲမှုမဖြစ်အောင် ကျားကန်နေရပြီး ရွန်နီက သူ့ကိုယ်ပိုင်ငွေကြေးတချို့စိုက်ထုတ်ကာ ကူညီပေးနေခဲ့ရပါတယ်။ 

Share

က္က