ဗလင်စီယာနဲ့ရီးရဲလ်ပွဲမှာ ဖြစ်ပွားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဗလင်စီယာနဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ လာလီဂါပွဲစဥ်မှာ အိမ်ရှင်ပရိသတ်တွေဟာ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ဗီနီရှပ်စ်ဂျူနီယာကို ပစ်မှတ်ထားကာ အော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။ လာလီဂါမှာ အဝေးကွင်းပွဲတွေ သွားကစားတိုင်း လူမျိုးရေးခွဲခြားခံခဲ့ရတဲ့ ဗီနီရှပ်စ်က ဒီတစ်ပွဲမှာ သည်းခံနိုင်စွမ်း ကုန်ဆုံးခဲ့ပြီဖြစ်ပါတယ်။



အသက် (၂၂) နှစ်အရွယ် အဆိုပါ ဘရာဇီးသားဟာ သူ့ကို လူမျိုးရေးခွဲခြားနေတာကြောင့် ပွဲကို ရပ်တန့်ပေးဖို့ ဒိုင်လူကြီးကို ပွဲကြမ်းခဲ့ပြီး ပွဲကလည်း (၁၀) မိနစ်ကြာ ရပ်တန့်သွားခဲ့ရပါတယ်။ ဒါ့အပြင် ကွင်းအတွင်းမှာရှိတဲ့ PA System ကနေလည်း ပရိသတ်တွေအနေနဲ့ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေကို ရပ်တန့်ဖို့အတွက် သတိပေးပြောကြားခဲ့ရပါတယ်။

ပွဲပြီးခါနီးမှာတော့ ဗီနီရှပ်စ်တစ်ယောက် ပြိုင်ဘက်တိုက်စစ်မှူး ဟူဂိုဒူရိုနဲ့ အချင်းများခဲ့တာကြောင့် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီအနီကတ်ဟာ သူ့ရဲ့ ကစားသမားဘဝအတွက် ပထမဆုံးသော အနီကတ်လည်း ဖြစ်ခဲ့ရပြီး ဗီနီရှပ်စ်က ပွဲအပြီးမှာ လာလီဂါနဲ့ စပိန်နိုင်ငံရဲ့ လူမျိုးရေးခွဲခြားမှုဖြစ်ရပ်တွေကို ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။

လာလီဂါဟာ လူမျိုးရေးခွဲခြားမှုတွေနဲ့ အသားကျနေပြီဖြစ်ကြောင်း ဗီနီရှပ်စ်က ပြောကြားခဲ့သလို ဗလင်စီယာကတော့ အဆိုပါပွဲက ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ကစားသမားကို ကြေညာချက်ထုတ် တောင်းပန်ခဲ့ပါတယ်။ ဘရာဇီးကြယ်ပွင့် နေမာကလည်း ဗီနီရှပ်စ်ဘက်က ရပ်တည်ကြောင်း အဆိုပါပွဲအပြီးမှာ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ဗီနီရှပ်စ်ဟာ အဝေးကွင်းပွဲသွားကစားတိုင်း ပြိုင်ဘက် ကစားသမားတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံနေရပြီး ပြိုင်ဘက်ပရိသတ်တွေကလည်း သူ့ကို လူမျိုး‌ရေးခွဲခြားဖို့အတွက် အဓိကသားကောင်အဖြစ် ပစ်မှတ်ထားနေတာပါ။ အဲ့ဒါကြောင့်လည်း ဗီနီရှပ်စ်တစ်ယောက် တစ်ချိန်ချိန်မှာ လာလီဂါကို စွန့်ခွာသွားနိုင်တယ်လို့ သတင်းတွေက ဖော်ပြနေကြပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က