ဘာပေက အုပ်စုအဖွင့်ပွဲမှာ နှာခေါင်းရိုးကျိုးသွားတာပါ။

အာဆင်နယ်နဲ့ ဘာစီလိုနာတို့ရဲ့ ကွင်းလယ်လူဟောင်းကြီး ဖာဘရီဂတ်စ်က အမ်ဘာပေအနေနဲ့ အခု ယူရိုပြိုင်ပွဲမှာ နှာခေါင်းရိုးကျိုးသွားတာကို ဆင်ခြေပေးလို့မရကြောင်း သတိပေးလိုက်ပါတယ်။ အမ်ဘာပေဟာ ယူရိုပြိုင်ပွဲတွေမှာ တစ်ဂိုးမှ မသွင်းယူဖူးပါဘူး။



သြစတြီးယားနဲ့ ဒီနှစ်ယူရိုအုပ်စုအဖွင့်ပွဲမှာလည်း အမ်ဘာပေက အပိုင်အခွင့်အရေးတစ်ကြိမ်ကို ဘေးထွက်အောင် ကန်ခဲ့ပါသေးတယ်။ ဒါ့အပြင် ပွဲပြီးခါနီးမှာ အမ်ဘာပေက ပြိုင်ဘက်ကစားသမားနဲ့ ခေါင်းယှဉ်တိုက်ရင်း နှာခေါင်းရိုးကျိုးသွားခဲ့ပါတယ်။

ဒီလိုမျိုး ဒဏ်ရာရရှိခဲ့တာကြောင့် အမ်ဘာပေကို ဂျရူးနဲ့ လူစားလဲခဲ့ရပါတယ်။ ဆေးရုံကိုလည်း တင်ပို့ခဲ့ရပေမယ့် ဒဏ်ရာက ခွဲစိတ်စရာမလိုသေးဘဲ မျက်နှာဖုံးအကာနဲ့ ကစားနိုင်ကြောင်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

ဖာဘရီဂတ်စ်ကလည်း “ကျနော့်အထင် အမ်ဘာပေ အခြေအနေကောင်းမှာပါ။ ဒါက အံ့အားသင့်ဖွယ်ဒဏ်ရာလို့ မပြောနိုင်သလို ဒီဒဏ်ရာကြောင့်လည်း ကစားပုံကို ဆိုးရွားစေမှာ မဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်လို့ ဆင်ခြေပေးနေလို့ မရပါဘူး”

“အမ်ဘာပေတို့လို ကစားသမားမျိုးတွေအတွက် ဒီလိုဒဏ်ရာတွေက အနှောင့်အယှက်ပေးနိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ အမ်ဘာပေက ကစားနိုင်သင့်ပါတယ်။ ကျနော်တို့က စွမ်းဆောင်ရည်ကြီးမားတဲ့ ကစားသမားအကြောင်းကို ပြောနေတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က