ရော်နယ်ကိုးမန်းရဲ့အဖြစ်ကို ပရိသတ်တွေ သဘောကျနေကြတာပါ။

မနေ့ညက ကစားခဲ့တဲ့ ပိုလန်နဲ့ နယ်သာလန်တို့ရဲ့ ယူရိုပွဲစဉ်မှာ နယ်သာလန်နည်းပြ ရော်နယ်ကိုးမန်းရဲ့လုပ်ရပ်ကြောင့် ပရိသတ်တွေ တော်တော်လေး သဘောကျနေကြပါတယ်။ ဒီပွဲစဉ်မှာ နယ်သာလန်က ပိုလန်ကို ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။



ဦးဆောင်ဂိုးအရင်ရရှိခဲ့တာက ပိုလန်ဖြစ်ခဲ့ပေမယ့် နယ်သာလန်က ဂတ်ခ်ပို၊ လူစားဝင်တိုက်စစ်မှူး ဝက်ဟော့စ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း နယ်သာလန်တို့ ယူရိုအုပ်စုအဖွင့်ပွဲမှာ မျက်နှာပန်းလှသွားခဲ့ပါတယ်။


ဒါပေမယ့် ဒီပွဲမှာ နယ်သာလန်နည်းပြ​ ရော်နယ်ကိုးမန်းရဲ့လုပ်ရပ်က ပရိသတ်တွေအတွက် ပွဲကျစရာဖြစ်ခဲ့ပါတယ်။ ပွဲချိန်အတွင်း နည်းပြခုံတန်းမှာ ထိုင်နေတဲ့ ရော်နယ်ကိုးမန်းက နှပ်ချေးညှစ်ပြီး သူ့လက်ကို ဟိုသုတ်၊ ဒီသုတ်လုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဘောင်းဘီနဲ့ လက်ကို သုတ်ခဲ့ပါတယ်။


ပြီးတဲ့နောက်မှာတော့ ရော်နယ်ကိုးမန်းက အဆိုပါလက်ကိုပဲ နှာခေါင်းကိုသုတ်လိုက်၊ လျာနဲ့လျက်ကြည့်လိုက် လုပ်ခဲ့တာကြောင့် ပရိသတ်တွေက ဒီဖြစ်ရပ်ကို ပွဲကျနေကြတာပါ။ ဒီပွဲမှာ နှစ်ဖက်အသင်း ခြေစွမ်းထက် ရော်နယ်ကိုးမန်းရဲ့ လုပ်ရပ်က ပိုပြီး ပြောစရာဖြစ်ခဲ့ပါတယ်။

မျက်စိလျင်တဲ့ ပရိသတ်တွေကလည်း ဒီရုပ်သံမှတ်တမ်းကို မြင်တွေ့ခဲ့ကြပြီး “ရော်နယ်ကိုးမန်းရေ... ခင်ဗျား ဘာတွေလုပ်နေတာလဲ” လို့ နောက်ပြောင် မှတ်ချက်ပြုခဲ့ကြပါတယ်။ ရော်နယ်ကိုးမန်းဟာ နှပ်ချေးနှိုက်ပြီး အဆိုပါလက်ကို ပါးစပ်ထဲထည့်ခဲ့တာကိုလည်း ရုပ်သံမှတ်တမ်းတွေအရ အနီးကပ် မြင်တွေ့ခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က