Apple Watch က တစ်ပတ်ထဲမှာပဲ လူ ၃ ယောက်ကို ကယ်တင်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ အာရုံတက်ချိန်မှာ Chelan ကောင်တီရဲဌာနဆီ Apple Watch ဆီက ဂြိုလ်တု SoS အကူအညီတစ်ခု ဝင်လာခဲ့ပါတယ်။ နှင်းလျှောစီး စကိတ်သမားတစ်ယောက် ဒဏ်ရာနဲ့ အကူအညီလိုနေတယ်ဆိုတာနဲ့ ပေတစ်ထောင်ကနေ ပြုတ်ကျလာတယ်ဆိုတာလည်း ပြောထားပါတယ်။

အရေးပေါ်မက်ဆေ့ ဝင်လာပြီးနောက်မှာ ရဲစခန်းက ကင်းကောင်တီလေကြောင်းအကူဌာနကို လူနာသယ်ဖို့ အကူအညီထပ်တောင်းခဲ့ပါတယ်။ ကင်းကောင်တီ လေကြောင်းအကူဌာနက တည်နေရာအတိုင်း သွားရောက်ချိန်မှာ ဒဏ်ရာရသူနဲ့အတူ အကူခေါ်နေတဲ့ မိတ်ဆွေကို တွေ့ခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ ရောက်ချိန်မှာ ဒူးထိထားပြီး လမ်းမလျှောက်နိုင် ဖြစ်နေတဲ့ နောက်ထပ်နှင်းလျှောစီးသမားတစ်ယောက်လည်း တွေ့ခဲ့ပါတယ်။ သုံးယောက်လုံးကို ရဟတ်ယာဉ်နဲ့ ကယ်တင်လာခဲ့ပြီး ကုသမှုလုပ်ဖို့ ဆေးရုံတစ်ရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ တကယ်လို့ သူတို့သာ Apple Watch နဲ့ အကူအညီမတောင်းခဲ့ရင် နှင်းခဲပြီး အသက်သေဆုံးနိုင်ပါတယ်။


Apple Watch မှာက ယာဉ်တိုက်မှုဖြစ်တာကို သိနိုင်တဲ့ Crash Detection ၊ အမြင့်တစ်နေရာကနေ ပြုတ်ကျတာကို ထောက်လှမ်းနိုင်တဲ့ Fall Detection နဲ့ အရေးပေါ် အကူအညီတောင်းနိုင်မယ့် Emergency SOS features တွေ ပါပါတယ်။ Apple Watch ကြောင့် အရင်ကလည်း အခုလိုမျိုး အသက်ဘေးက လွတ်ခဲ့သူတွေ ရှိခဲ့ပါတယ်။

၂၀၂၀ မှာ ကနေဒါနိုင်ငံသား သက်ကြီးရွယ်အိုတစ်ဦး လဲကျပြီး သတိမေ့ချိန်မှာ Apple Watch အချက်ပေးမှုကြောင့် အသက်ချမ်းသာရာရခဲ့သလို ၂၀၂၁ တုန်းကလည်း အမေရိကန်က အမျိုးသမီးတစ်ဦး ယာဉ်တိုက်မှုအတွင်း Apple Watch က အလိုအလျောက် ဖုန်းခေါ်ပေးလို့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က