အယ်လ်ဟီလယ်ကတော့ နိုင်ပွဲရရှိခဲ့ပါတယ်။

အယ်ဟီလယ်လ်တိုက်စစ်မှူး နေမာတစ်ယောက် မနေ့ညက ကစားခဲ့တဲ့ အယ်လ်ရှာဘတ်နဲ့ ပွဲစဉ်မှာ ပင်နယ်တီမဝင်ခဲ့ဘဲ ဂိုးပေါက်ပျောက်ဆုံးမှုနဲ့ ဆက်တိုက်ရင်ဆိုင်နေရပါတယ်။ နေမာဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပီအက်စ်ဂျီကနေ ပြောင်းရွှေ့ကြေး ပေါင် (၇၇) သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားပါ။



ဒါပေမယ့် သူ့အနေနဲ့အခုချိန်အထိ အသင်းသစ်အတွက် ဂိုးသွင်းယူပေးနိုင်ခြင်းမရှိသေးဘဲ အဝတ်လဲခန်းပြဿနာ၊ နည်းပြနဲ့ပြဿနာတွေကသာ ထင်ရှားတဲ့ကိစ္စရပ်တွေအဖြစ် ရှိနေပါတယ်။ ဒါ့အပြင် ကွင်းအတွင်းမှာလည်း နေမာရဲ့ စိတ်ပျက်စရာ အခြေအနေတွေက မရပ်တန့်သွားခဲ့ဘဲ အခုလိုပဲ ပင်နယ်တီ ထပ်လွဲခဲ့တာပါ။


အယ်လ်ရှာဘတ်နဲ့ပွဲ ပထမပိုင်းမပြီးခင်မှာ အယ်ဟီလယ်လ်က ပင်နယ်တီရရှိခဲ့တာဖြစ်ပြီး နေမာရဲ့ ပင်နယ်တီကန်ချက်ကတော့ ဂိုးတိုင်ကိုသာ ထိသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ပြိုင်ဘက် ဂိုးသမား ဘိုနိုက ဒီဘောလုံးကို ဖမ်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒုတိယပိုင်းမှာတော့ နေမာအတွက် ကောင်းမွန်တဲ့ အခိုက်အတန့်တွေကို ပိုင်ဆိုင်ခဲ့ရပြီး ကူလီဘလီရဲ့ ခေါင်းတိုက်ဂိုးအတွက် ထောင့်ကန်ဘောကို ကန်တင်ပေးခဲ့သလို မီထရိုဗစ်ရဲ့ သွင်းဂိုးတစ်ဂိုးအတွက်လည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ အယ်လ်ဟီလယ်က နှစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲကြောင့်ပဲ အမှတ်ပေးဇယားမှာ ရမှတ် (၂၀) နဲ့ ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။ နေမာကတော့ သူကိုယ်တိုင် ဂိုးသွင်းယူနိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရပေမယ့် ဒီပွဲမှာ အသင်းရရှိသွားတဲ့ သွင်းဂိုးနှစ်ဂိုးလုံးကို ဖန်တီးပေးနိုင်ခဲ့တာကြောင့်လည်း ဖြေသာနိုင်ခဲ့တယ်လို့ ပြောရမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က