မက်ဆီကတော့ ခြေစွမ်းထပ်ပြခဲ့တာပါ။

ဒီနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ အင်တာမိုင်ယာမီက အတ္တလန်တာယူနိုက်တက်ကို လေးဂိုးပြတ်နဲ့ နိုင်ခဲ့တဲ့ပွဲမှာတော့ မက်ဆီက အင်တာမိုင်ယာမီအတွက် ဆက်တိုက် ခြေစွမ်းပြခဲ့ပြီး ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ မက်ဆီတစ်ယောက် ဘူးစကွက်စ်နဲ့အတူ ပထမပိုင်းမှာကတည်းက ပွဲထွက်ခွင့် ရရှိခဲ့တာဖြစ်ပြီး ဘူးစကွက်စ်ရဲ့ ဖန်တီးပေးမှုကတစ်ဆင့် အသင်းအတွက် အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။




ဒါဟာ တစ်ချိန်တုန်းက မက်ဆီ+ဘူးစကွက်စ်တို့ရဲ့ ဘာစီလိုနာ အခိုက်အတန့်တွေကို ပြန်လည် အမှတ်ရစေခဲ့တာပါ။ ပွဲချိန် (၈) မိနစ်မှာ ဘူးစကွက်စ် ကွင်းလယ်ကနေ မ တင်ပေးလိုက်တဲ့ ဘောလုံးကို မက်ဆီက လွတ်လွတ်ကျွတ်ကျွတ် ဆွဲထွက်သွားပြီး ဂိုးသမားနဲ့ တစ်ယောက်အချင်းအတွေ့မှာ နှစ်ဆင့် ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။


အဲ့ဒီနောက် ပွဲကစားချိန် (၂၂) မိနစ်မှာလည်း မက်ဆီကပဲ အင်တာမိုင်ယာမီအတွက် နောက်ထပ်သွင်းဂိုးတစ်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးကိုတော့ ရော်ဘတ်တေလာက ဂိုးရှေ့ဖြတ်ပို့ပေးခဲ့တာဖြစ်ပြီး မက်ဆီက ညာခြေနဲ့ ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ဒီနေ့မှာ အင်တာမိုင်ယာမီ ရရှိခဲ့တဲ့ သွင်းဂိုးအားလုံးမှာ ပါဝင်ပတ်သက်နိုင်ခဲ့ပါတယ်။


တေလာသွင်းယူခဲ့တဲ့ ဒုတိယပိုင်း သွင်းဂိုးအတွက် မက်ဆီက တန်ပြန်တိုက်စစ်ကတစ်ဆင့် ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တေလာရဲ့ ပထမဆုံးဂိုးအတွက် မက်ဆီက ကစားကွက်မှာ ပူးပေါင်းပါဝင်ခဲ့ပြီး တေလာကလည်း ထောင့်ဖြတ်အနေအထားကနေ လှလှပပ အဆုံးသတ်သွားခဲ့ပါတယ်။



မက်ဆီအတွက်ကတော့ မေဂျာလိဂ်မှာ နောက်ထပ်ကျေနပ်စရာ ပွဲတစ်ပွဲကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ ခရုဇ်အေဇူလ်နဲ့ပွဲမှာလည်း အသင်းအတွက် ပထမဆုံး ပါဝင်ကစားပေးခဲ့ပြီး အနိုင်ဂိုးကို နောက်ဆုံးမိနစ်မှာ ဖရီးကစ်ကတစ်ဆင့် တိုက်ရိုက် ကန်သွင်းခဲ့ပါသေးတယ်။ ဒါ့အပြင် မက်ဆီ မရောက်ခင်မှာ ရလဒ်ပိုင်းဆိုးရွားနေတဲ့ အင်တာမိုင်ယာမီကလည်း မက်ဆီ ပါဝင်ကစားခဲ့တဲ့ နှစ်ပွဲဆက်တိုက် နိုင်ပွဲ ရရှိထားပြီးဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က