ချန်ပီယံလိဂ်မှာ စုစုပေါင်း ၆ ဂိုးအထိ ရရှိခဲ့ပါတယ်။

ဥရောပထိပ်တန်းအသင်းကြီးတွေနဲ့ ပစ်မှတ်ဖြစ်နေတဲ့ ဘင်ဖီကာတိုက်စစ်မှူးဒါဝင်နူနက်ဇ်ကတော့ မနေ့က ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ ဒုတိယအကျော့ပွဲစဉ်မှာလည်း အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ တဖက် ၃ ဂိုးစီသရေကျခဲ့ပြီး ပထမအကျော့မှာ ၁-၃ နဲ့ အနိုင်ရထားတဲ့ လီဗာပူးလ်က ဒီပွဲကိုလည်း ဦးဆောင်နိုင်ခဲ့​ပြီး နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ 

လီဗာပူးလ်က ဦးဆောင်ဂိုးတွေဆက်တိုက်ရယူနိုင်ခဲ့ပေမယ့် ဘင်ဖီကာက ချေပဂိုးတွေရသလောက်လိုက်သွင်းခဲ့ကာ သွင်းဂိုးတွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေနိုင်ခဲ့ပါတယ်။ ဒါဝင်နူနက်ဇ်ကတော့ နောက်ဆုံးချေပဂိုးကို သွင်းယူပေးခဲ့ပြီး ဒီရာသီ သူ့အတွက် ချန်ပီယံလိဂ် ၆ ဂိုးမြောက်ကို ရယူနိုင်ခဲ့ကာ အသင်းကြီးတွေရဲ့ အာရုံကို ဆက်ဆွဲဆောင်နိုင်ခဲ့ပါတယ်။ 

ဘင်ဖီကာကတော့ သူတို့တိုက်စစ်မှူးရဲ့တန်ကြေးကို ပေါင် ၁၁၃ သန်းအထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ နူနက်ဇ်ဟာ ချန်ပီယံလိဂ်မှာ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ အေဂျက်ဇ်တို့လို အသင်းကြီးတွေကိုသာ ဂိုးသွင်းထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ရော်နယ်ဒိုရဲ့ အ​ေးဂျင့်ဂျော့မန်ဒက်စ်ကို သူ့ရဲ့အေးဂျင့်အသစ်အဖြစ် တာဝန်ပေးပြီး အသင်းကြီးတွေဆီ ရောက်ရှိအောင် စီမံခိုင်းထားတယ်လို့ ဆိုပါတယ်။ 

လီဗာပူးလ်ကိုလည်း နှစ်ကျော့စလုံးဂိုးသွင်းယူနိုင်ခဲ့ကာ အရည်အသွေးမြင့်တိုက်စစ်မှူးတဦးရဲ့ ပုံစံကို နူနက်ဇ်က ပြသခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ ဥရုဂွေးတိုက်စစ်မှူးဟာ ဘင်ဖီကာအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၃၂ ဂိုးအထိ ရရှိထားပြီး သူ့ကို မန်ချက်စတာယူနိုက်တက်အသင်းက စိတ်အဝင်စားဆုံးအသင်းဖြစ်နေတယ်လို့ သိရပါတယ်။ 

၁၉၉၈-၉၉ ဘောလုံးရာသီမှာ နူနိုဂိုမက်စ်က ချန်ပီယံလိဂ်မှာ ဘင်ဖီကာအတွက် ၅ ဂိုးသွင်းပေးခဲ့ပြီးနောက် နူနက်ဇ်က ၆ ဂိုးအထိ သွင်းယူကာ ချန်ပီယံလိဂ်တရာသီအတွင်း ဂိုးအများဆုံးသွင်းနိုင်တဲ့ ဘင်ဖီကာကစားသမားဖြစ်လာခဲ့ပါတယ်။ 

Share

Loading Next Article...
က္က