Huawei VR Glass ရဲ့ အဆက် ဒုတိယမျိုးဆက် VR စမတ်မျက်မှန်ကို ဒီနှစ်ထဲမှာ ကြေညာသွားမယ်လို့ သတင်းထွက်နေပါတယ်။
Huawei ဟာ ၂၀၁၉ မှာ ပထမမျိုးဆက် Original Huawei VR Glass ကို မိတ်ဆက်ပြသခဲ့ပါတယ်။ ၂၀၂၀ အောက်တိုဘာထဲမှာ ၃၆၀ ဒီဂရီ ပတ်ပတ်လည် Controllers ထိန်းချုပ်မှုစနစ်တွေနဲ့ ပိုကောင်းတဲ့ features တွေ ပါလာတဲ့ Huawei VR Glass 6DOF Game Set ထွက်လာခဲ့ပေမယ့် ဈေးကွက်ထဲ အခုထိ ရောက်မလာသေးပါဘူး။ ဒီတစ်ခေါက်မှာ Huawei ကနေ VR Glass သစ် မိတ်ဆက်မယ်ဆိုပြီး သတင်းတွေ ပေါက်ကြားလာပါတယ်။
Photo: Gizchina
Teme @RODENT950 အကောင့်နဲ့ Twitter ပေါ်မှာ တင်ထားတဲ့ ပို့စ်တစ်ခုမှာ Huawei အနေနဲ့ ဒုတိယမျိုးဆက် Huawei VR Glass ကို နှစ်မကုန်ခင် ကြေညာသွားဖို့ ရှိတယ်လို့ ဖော်ပြထားပါတယ်။ Huawei ဟာ ဒီနှစ်ထဲမှာ နောက်ထပ် foldable ဖုန်းသစ်ပါ မိတ်ဆက်မယ်လို့ သတင်းထွက်နေတာကြောင့် VR Glass သစ်ကိုလည်း ဒီပွဲမှာပဲ ကြေညာသွားမယ်လို့ ခန့်မှန်းရပါတယ်။
ပထမမျိုးဆက် Huawei VR Glass ဟာ စကိတ်မျက်မှန်ဒီဇိုင်းမျိုးနဲ့ ထွက်လာပြီး ၂.၁ လက်မ LCD display နှစ်ခုနဲ့ လာပါတယ်။ display ရုပ်ထွက် 3200 x 1600 ရှိပြီး ချိတ်ဆက်ထားတဲ့ Device ပေါ် မူတည်ပြီး Refresh Rate ကို 90Hz အထိ support ပေးပါတယ်။ အထဲမှာ ဘက်ထရီမပါတာကြောင့် ၁၆၆ ဂရမ် အလေးချိန်ပဲ ရှိမှာပါ။ မျက်မှန်တပ်ထားသူတွေအတွက် Focus ကို ချိန်ညှိဖို့ မျက်မှန်ပါဝါချိန်ညှိနိုင်မယ့် Diopter Dials နှစ်ခုလည်း ပါရှိပါတယ်။
အရင် Huawei VR Glass တွေဟာ Huawei ဖုန်းတွေနဲ့ရော Windows PC တွေနဲ့ပါ ချိတ်နိုင်ပါတယ်။ အသစ်ထွက်လာမယ့် ဒုတိယမျိုးဆက် Huawei VR Glass မှာလည်း အရင် ဒီဇိုင်းမျိုးပဲ သုံးပြီး ဗူးထဲမှာ Controller တစ်ခုလည်း ထည့်လာဖို့ ရှိပါတယ်။ ဒီ VR Headset ကို အပြင် External Sources တွေ ဖြစ်တဲ့ ဖုန်း ၊ PC နဲ့ portable Battery pack တွေနဲ့ တွဲသုံးနိုင်မှာပါ။
Photo: pandaily
ပြီးခဲ့တဲ့နှစ် Huawei VR Glass 6DOF Game Set ကို ကမ္ဘာ့ VR Industry ကွန်ဖရင့် Cloud Summit မှာ ပထမဆုံး မိတ်ဆက်ခဲ့တာ ဖြစ်ပြီး ဒီဇိုင်းနဲ့ features တချို့ပဲ ထုတ်ဖော်ပြသခဲ့တာပါ။ ဈေးနှုန်းနဲ့ အချက်အလက်အပြည့်အစုံကိုတော့ ပြောကြားခြင်း မရှိခဲ့ပါဘူး။ ပထမမျိုးဆက် Huawei VR Glass ကို ယွမ် ၃၀၀၀ ( မြန်မာငွေ ၉ သိန်းနီးပါး) ဈေးနဲ့ ရောင်းချခဲ့ပြီး အသစ်ထွက်လာမယ့် VR Glass မှာ ဈေးပိုမြင့်လာဖို့ ရှိပါတယ်။